၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း
Office of the Auditor General of the Union/ NPT / June 11, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံး များရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ချယ်ရီခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုကဲ့သို့ ပညာသင်ထောက်ပံကြေးပေးအပ်ခြင်းသည် ဝန်ထမ်းမိဘများအတွက် သားသမီးများ၏ ပညာသင်စရိတ်များ အထိုက်အလျောက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်၍ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် လူငယ်ကဏ္ဍမြှင့်တင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ မိဘများအနေဖြင့် သားသမီးများပညာတတ်မြောက်စေရေး၊ ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များဖြစ်စေရေး ရည်မှန်းချက်ထားရှိရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်သောစိတ်ဓာတ်၊ မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာသင်ယူတတ်မြောက်မှသာ အသိပညာဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်ပညာရှိမည်ဖြစ်သဖြင့် ပညာကြိုးစားသင်ယူစေလိုပါ ကြောင်း၊ မိမိအနာဂတ်၊ မိသားစုအနာဂတ်၊ နိုင်ငံအနာဂတ်အတွက် အားကိုးအားထားပြုရမည့် ပညာတတ်များဖြစ်စေရန် ရည်မှန်းချက်ထား၍ ကြိုးစားသွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်များကို ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကိုယ်စား Grade 11 တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်တက်ရောက်သူ (၁၃) ဦး၊ အထက်တန်းတက်ရောက်သူ (၃၀) ဦး၊ အလယ်တန်းတက်ရောက်သူ (၄၁) ဦး၊ မူလတန်း တက်ရောက်သူ (၁၁၄) ဦး စုစုပေါင်း (၁၉၈) ဦးအတွက် ပညာသင်ထောက်ပံ့ငွေ ကျပ် ၇,၃၄၀,၀၀၀/- ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင်လည်း ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
