၂၀၂၆ ခုနှစ်၊ အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုများ ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / February 10, 2026


နေပြည်တော်၊ ဖေဖော်ဝါရီလ (၉) ရက်

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် (၂၀၂၆) တွင် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုရရှိသူများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ အတွင်းရေးမှူး များ၊ ဟိုတယ်ဇုန်အသီးသီးမှ ကိုယ်စားလှယ်များ၊ ၂၀၂၆ ခုနှစ် အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ စံနှုန်းဆုရရှိခဲ့သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သူအားလုံး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း ခိုင်မာလာစေရန် ရည်ရွယ်၍ အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းများကို ၂၀၀၈ ခုနှစ်က စတင် သတ်မှတ်ပြဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်း ဆု (၂၄) ဆုရရှိခဲ့ပြီး ဆုများ စတင်ပေးအပ် ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ စုစုပေါင်း စံနှုန်းဆု (၁၅၈)ဆုကို နှစ်အလိုက် ရရှိထားပါကြောင်း။

အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်စုစုပေါင်း အရေအတွက်၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လည်ပတ်မှု ဖြစ်သည့် အတွက် Intra-ASEAN ခရီးသွားလုပ်ငန်းများ၏ အရေးပါမှုကို သတိပြုမိစေလိုပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွားဈေးကွက်ကိုရရှိနိုင်ရန်သာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံ များဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံများမှ ခရီးသွား ဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများအား ပြည့်စုံ ကောင်းမွန်သော ဝန်ဆောင်မှု၊ ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားသော အတွေ့အကြုံကောင်း များ ဖန်တီးပေးနိုင်ရေးနှင့် လည်ပတ်ချင်စရာ ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး တို့အတွက် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းများ နှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း။

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုရရှိခဲ့သူများ အနေဖြင့်လည်း မိမိတို့၏ ဝန်ဆောင်မှု စံနှုန်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးစားကြရန်၊ စံနှုန်းပါလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် အခြားသောစံနှုန်းဆုများကိုပါ ရရှိအောင် ကြိုးစား ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုရရှိခဲ့မှုမှတ်တမ်းဗီဒီယိုအား ပြသပြီး ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ရရှိခဲ့သူ များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် အာဆီယံ ခရီးသွားလုပ်ငန်း စံနှုန်းဆုရရှိသူများကိုယ်စား Max Myanmar Limited ၏ Managing Director ဦးဘိုချန်ထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From:KyeMon

Newspaper - 3437 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download