၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲပြုလုပ်


Ministry of Information/ Naypyitaw / May 23, 2026
image_latest


နေပြည်တော် မေ ၂၂

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့သည့် တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

အဆိုပါရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) စခန်းပေါင်းစုံသင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိအားကစားခန်းမ၌ ပြုလုပ်ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာကာကွယ်ရေးဦးစီးချုပ် (ရေ) က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား သင်တန်းသူများနှင့် အကောင်းဆုံးသင်တန်းစခန်းဆုရရှိသည့် သင်တန်းစခန်းတို့အား ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

အဆိုပါရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို သင်တန်းစခန်း ၁၃ ခုတွင် သင်တန်းသား သင်တန်းသူ ၈၀၀ ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တပ်မတော် (ရေ) သမိုင်းဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပို့ချပေးခဲ့သည်။

ထို့ပြင် သင်တန်းကာလအတွင်း ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ) နှင့် ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က ကြီးမှူးပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်မှ စတင်ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ခင်းကျင်းပြသထားသော ပြခန်း၊ ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) ကို သင်တန်းစခန်း ၁၈ ခု တွင် သင်တန်းသား အင်အား ၉၂၈ ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား ဘာသာရပ်နှင့် RC Simulator မောင်းနှင်ခြင်း ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) အား သင်တန်းစခန်းနှစ်ခုတွင် သင်တန်းသားအင်အား ၁၁၆ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်ပါ) ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အထွေထွေဗဟုသုတဘာသာရပ်၊ Airfield Procedure ဘာသာရပ်နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သင်တန်းသားများအား လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ စစ်သားဂုဏ်ရည်ဘာသာရပ်၊ တပ်မတော်သမိုင်းနှင့် တပ်မတော်အစဉ်အလာဘာသာရပ်များကိုလည်း သင်ကြားပေးခဲ့ကြောင်းနှင့် လေယာဉ်/ ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံသဘောတရားများကို သိရှိနားလည်စေရန်အတွက် RC လေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများအား သက်ဆိုင်ရာသင်တန်းစခန်းများအလိုက် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေတွင် စုဖွဲ့ပြီး အခြေခံစစ်ရေးပြပြိုင်ပွဲ၊ RC Simulator/ Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထူးချွန်ဆုရသင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော် (လေ) ရှိ အမောင်းသင် လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် သင်တန်းသားများအား ဒေသန္တရဗဟုသုတများ ရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့သို့လည်းကောင်း လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3534 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download