“လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ယင်းမာပင်က နိုင်ကျဉ်း တစ်ဦး သေဆုံးခဲ့ကြောင်း” RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှား ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Home Affairs/ Nay Pyi Taw / March 23, 2025


      စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် လုံလောက်သည့် ဆေးကုသခွင့်မရသောကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
     ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ အပြစ်ကျတရားခံ အေးလွင်သည် ယခင်ကတည်းက အရက်အားစွဲမြဲစွာ သောက်သုံးခဲ့သူတစ်ဦးဖြစ်ပြီး ရဲစခန်းအချုပ်၌ ရှိနေစဉ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ချောင်းဆိုးသွေးအန်ခြင်းရောဂါ ဖြစ်ပွားလျက်ရှိရာ ယင်းမာပင်မြို့တွင် လုံခြုံရေးအခြေအနေအရ ပြည်သူ့ဆေးရုံဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ယင်းမာပင်မြို့ရှိ တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ဆက်သွယ်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ဧပြီလမှစ၍ ရောဂါပိုမိုဆိုးဝါးလာသဖြင့် ရဲစခန်းအချုပ်၌ သီးသန့်ထားရှိကာ ၂၄ နာရီပြည့် အောက်ဆီဂျင်ပေးထားခဲ့ရကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ မိသားစုမှ လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးဝါးများ ပို့ပေးခဲ့သော်လည်း ထပ်မံလိုအပ်သည့်အတွက် ယင်းမာပင်မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ဆေးဝါးကုသလျက်ရှိသည့် ၁၀ လအတွင်း စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား အကြိမ်ကြိမ်ထောက်ပံ့ပေးခဲ့ကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ဇနီးဖြစ်သူမှ ဆေးဝါးများလာရောက်ပို့ဆောင်စဉ် တစ်နေ့လျှင် ၃ ကြိမ် တွေ့ဆုံခွင့်ပေးကာ ဝေယျာဝစ္စများ ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏မိသားစုနှင့်အတူ အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အပြစ်ကျတရားခံ အေးလွင်သည် ရောဂါဝေဒနာမှာ ဆိုးဝါးလာသဖြင့် တပ်မတော်ဆေးကုသရေးအဖွဲ့မှ ဆေးဝါးကုသပေးခဲ့သော်လည်း ညနေ ၆ နာရီ ၅ မိနစ်တွင် အဆုတ်သွေးအန်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်။
     အပြစ်ကျတရားခံ အေးလွင် နာမကျန်းနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လူသားချင်းစာနာထောက်ထားသောအားဖြင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့်  ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်၍ လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3116 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁၂ ရက်၊ မတ် ၂၅ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁၁ ရက်၊ မတ် ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁၀ ရက်၊ မတ် ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၉ ရက်၊ မတ် ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၈ ရက်၊ မတ် ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၇ ရက်၊ မတ် ၂၀ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၅ ရက်၊ မတ် ၁၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၄ ရက်၊ မတ် ၁၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၃ ရက်၊ မတ် ၁၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download