(၁၀၅) နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်းကွေ့ ကွန်ကရစ်တံတားသစ် ဖွင့်ပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / November 05, 2025
image_latest


မြစ်ကြီးနား နိုဝင်ဘာ ၃

      ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်း (၁၀၅) နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နန်းကွေ့ချောင်းပေါ်၌ တာဝန်ယူတည်ဆောက်ပေးခဲ့ပြီး နန်းကွေ့ကျေးရွာနှင့် မော်ဖောင်း ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် ၃၂၄ ပေရှိ နန်းကွေ့ကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နန်းကွေ့ကျေးရွာ၌ ကျင်းပသည်။

      အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘင်ခရာ၊ ပန်းဖွားအဖွဲ့များ၊ ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် လော်ဝေါ်၊ လာချိဒ်၊ လီဆူနှင့် ရဝမ်တိုင်းရင်းသားများ တက်ရောက်ကြကာ လော်ဝေါ်ရိုးရာ အကအလှများ၊ တံတားသစ်ဖွင့်ပွဲဂုဏ်ပြုတေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြသည်။

      ထို့နောက် တံတားသစ်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဖွင့်လှစ်သည့် တံတားသစ်သည် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ဥယျာဉ်ခြံမြေများနှင့် လယ်မြေဧက စုစုပေါင်း ၆၂၃ ဧကသို့ သွားရောက်နိုင်မည့်အပြင် ပမ္မတီး-ပြည်ထောင်စုလမ်းနှင့်လည်း ချိတ်ဆက်ပြီးသွားလာနိုင် မည်ဖြစ်သည့် အတွက် လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

        ထို့နောက် တံတားသစ်ဖွင့်ပွဲအတွက် သိက္ခာတော်ရဆရာ ဦးဂမ်အောင်က ကျေးဇူးတင်စကားပြောကြားပြီး ဒေသခံရပ်မိရပ်ဖများက တံတားသစ်ရရှိ သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့ထံ ရိုးရာမဂွန်းရှလစ် (သစ်သီးပလိုင်း)ကို လက်ဆောင်အဖြစ် ပေးအပ်ကြသည်။

        ယင်းနောက် တံတားသစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားပေါ်မှဖြတ်သန်း ကြည့်ရှုကြကာ တိုင်းရင်းသားများ၏ ရိုးရာတေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

       ထို့နောက် နန်းကွေ့ ကျေးရွာအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အုတ်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် YYY (ဝိုင်သုံးလုံး) အဆင့်မြင့်အုတ်ရောင်းဝယ်ရေးလုပ်ငန်း စက်ရုံကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ ခုတင်-၃၀၀ ၌ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်း သွေးလှူဒါန်းမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

        ဆက်လက်၍ ဗဟိုအကြံပေး အဖွဲ့ဝင်က တပ်မတော်ဆေးရုံအတွက် ချီးမြှင့်ငွေကျပ် သိန်း ၃၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

Newspaper - 3339 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download