(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Ministry of Information/ Naypyitaw / September 26, 2025

နေပြည်တော် စက်တင်ဘာ ၂၅
(၁၅)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များ ညီလာခံ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ စက်တင်ဘာ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပရာ အဆိုပါညီလာခံသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှေ့နေချုပ် H.E. Mr. Ying Yong နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် H.E. Mr. Paul T K Lam တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှေ့နေချုပ်နှင့် မကာအို အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့ တက်ရောက်ကြသည်။
(၁၅)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များညီလာခံကို “နည်းပညာခေတ်တွင် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်ရယူခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံသည် ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပါကြောင်း၊ ဤညီလာခံသည် နိုင်ငံတကာ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် နိုင်ငံဖြတ်ကျော်ပြီး ကျူးလွန်သော ပြစ်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ညီလာခံခေါင်းစဉ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအကြားတွင်သာမက တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုများလိုအပ်ပါကြောင်း၊ ကုလသမဂ္ဂအဂတိလိုက် စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို အတည်ပြုချမှတ်နိုင်ခြင်းသည် အဂတိလိုက်စားမှုကို ကိုင်တွယ် ဖြေရှင်းရန် ပြီးပြည့်စုံသောချဉ်းကပ်မှုတစ်ခုဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သော ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့အား တိုက်ဖျက်နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့်ဆက်နွှယ်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့ (Financial Intelli-gence Unit - FIU) ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း။
မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာပြစ်မှုများ အွန်လိုင်းအသုံးပြု လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်းလိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုခင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံတရားခံလွှဲပြောင်းရေးစာချုပ် (AET)နှင့် အာဆီယံရာဇဝတ်မှု တရားစီရင်ရေးနှင့်ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာညီလာခံ (ACCPCJ)တို့ ကဲ့သို့သော ASLOM ၏ ပဏာမ ခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်နှင့် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့က (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံ၏ ပူးတွဲကြေညာချက် (JOINT DECLARATION OF THE 15th CHINA-ASEAN PROSECUTORS- GENERAL CONFERENCE)ကို လက်မှတ်ရေးထိုးကြသည်။
ညီလာခံ ကျင်းပစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှေ့နေချုပ် H.E. Mr. Ying Yong နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာချက် အား လက်မှတ်ရေးထိုးခြင်းအား ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် နည်းပညာအသုံးပြုမှု တိုးတက်အောင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3297 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download