(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Environment (18th AMME) and Related Meetings) ကျင်းပခြင်း


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 04, 2025


       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ (၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ရာ အစည်းအဝေး တတိယနေ့ဖြစ်သည့် ၄-၉-၂၀၂၅ ရက်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပထမအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွးပွဲ၊ တတိယအကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွးပွဲနှင့် (၁၉) ကြိမ်မြောက်အာဆီယံ အပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ တီမောလက်စ်တေနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ UNFCCC COP 30 ဥက္ကဋ္ဌ၊ ဥရောပသမဂ္ဂ၊ အာဆီယံ အပေါင်းသုံး နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးအမှတ်-၅၈၊ နေပြည်တော်တွင် အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေး ပထမပိုင်းတွင် ပထမအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဝန်ကြီးဌာန၊ ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် အစည်းအဝေး၏ ဒုတိယဥက္ကဋ္ဌအဖြစ် ပတ်ဝန်းကျင်ဆိုင်ရာ ဥရောပသမဂ္ဂကော်မရှင်မှ Ms. Jessika Roswall နှင့် Mr. Wopke Hoestra တို့က ဆောင်ရွက်၍ အဖွင့် အမှာစကားခြင်း၊ အာဆီယံနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ပတ်လည်စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်စေရေးအတွက် နိုင်ငံတကာစည်းနှောင်မှုရှိသော သဘောတူညီချက်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ဒေသတွင်းရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများ၊ နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ UNFCCC COP 30 ဆိုင်ရာ ပူးတွဲသဘောထား၊ နိုင်ငံတကာ ပင်လယ်ရေကြောင်းအဖွဲ့ (IMO) ၏ အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းရေးကာကွယ်ရေးဆိုင်ရာ ပူးတွဲသဘောထား၊ ကာဗွန်ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများအား ဆွေးနွေးခြင်း၊ ၂၀၂၅-၂၀၂၆ အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲကြေညာချက်များအား အတည်ပြု ထုတ်ပြန်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပမည့် နေ့ရက်နှင့် နေရာသတ်မှတ်ခြင်းများကို ဆွေးနွေးခဲ့သည်။

          အစည်းအဝေး ဒုတိယပိုင်းတွင် တတိယအကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွးပွဲကို အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E. Mr.Keiichiro Asao တို့ကဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားခြင်း၊ အာဆီယံပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာအစီအစဉ် (SPACE) နှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ  ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှုးချုပ်မှ ကြေညာချက်များ ဖတ်ကြားခြင်းနှင့် ပူးတွဲကြေညာချက်ကို အတည်ပြုထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့သည်။

          အစည်းအဝေး တတိယပိုင်းတွင် (၁၉) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး  ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကိုကျင်းပခဲ့ပြီး အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် အာဆီယံ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများက အမှာစကားပြောကြားခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ အပေါင်း သုံး အစည်းအဝေးများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများ၏ ပတ်ဝန်းကျင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊  အဏ္ဏဝါ ပလတ်စတစ်  ညစ်ညမ်းမှု ဖြေရှင်းရေးဆိုင်ရာ ကနဦးဆောင်ရွက်ချက်များ၊ ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံ-တရုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာမူဘောင် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား စိစစ်အကဲဖြတ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာ  မူဘောင် (၂၀၂၆-၂၀၃၀) ရေးဆွဲခြင်း အခြေအနေများ၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များတွင် ‌ဆောင်ရွက် မည့် အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှုများ၊  အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တိုးတက်မှုအခြေအနေများ၊  အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် တိုးတက်မှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ခုနှစ်များအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊  အာဆီယံ အပေါင်းသုံးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဘရာဇီးလ်နိုင်ငံမှ H.E. Ambassador André Aranha Corrêa do Lago နှင့် တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ပြီး ညနေ (၁၆:၃၀) နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Newspaper - 3278 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download