(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ မြန်မာအားကစားသမားများ ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိထား
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ မြန်မာအားကစားသမားများ ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိထား
Ministry of Information/ Naypyitaw / August 22, 2025

ရန်ကုန် သြဂုတ် ၂၁
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သြဂုတ် ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင်မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများက Champion of Champion Overall Champion ဆုဖလားနှင့်ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိထားကြောင်း သိရသည်။
အဆိုပါ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲကို ဩဂုတ်၂၁ ရက်က မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကြရာ Champion of Champion Overall Champion ဆုကို ချမ်းမြေ့ထွန်းကလည်းကောင်း၊ MSP Over 175 cm တွင် မျိုးသူရကျော်က ပထမ (ရွှေ)၊ MSP up to 175 cm တွင် စိုင်းသစ်နောင်ဦး က ပထမ(ရွှေ)၊ အမျိုးသားကာယဗလ 75kg တွင် ချမ်းမြေ့ထွန်းက ပထမ (ရွှေ)၊ WMP up to 160 cm တွင် ဆုမွန်လှိုင်က ဒုတိယ(ငွေ)၊ WMP up Over 170cm တွင် မဇူဇူသန့်က ဒုတိယ(ငွေ)၊ WMP up to 165cm တွင် မလင်းလင်းစိုး၊ WAP up to167cm တွင် သန်းဇော်ထိုက်၊ 70kg တွင် မောင်မောင်စိုင်းတို့က တတိယ(ကြေး) တစ်ခုစီ အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
ယင်း(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး ဝင်ရောက်ခဲ့ရာ ခုနစ်ဦးဆုတံဆိပ်ရရှိခဲ့သည်။ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ မြန်မာ့ကာယဗလအားကစားအဖွဲ့မှ အားကစားသမား ၂၀ တို့သည်(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ ၁၀ ဦး၊ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ၌ ၁၀ ဦး ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရသည်။
တင်စိုး(မြန်မာ့အလင်း)
Newspaper - 3317 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။
