(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / August 08, 2024


နေပြည်တော် ဩဂုတ် ၇

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေးဇာတိဂုဏ်မြင့်မားရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကိုဦးတည်၍ ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက်နှင့် ၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက်ပြိုင်ပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ကို ထူးခြားသည့်အစီအစဉ်များဖြင့် ကျင်းပသွားမည်ဟု သိရပါ ကြောင်း၊ ဆပ်ကော်မတီဝင်များအနေဖြင့်လည်း ယခင်နှစ်က လုပ်ငန်းအတွေ့အကြုံများပေါ် မူတည် ၍ ယခုနှစ်တွင် ချို့ယွင်းအားနည်းချက်မရှိအောင် ဆောင်ရွက်ကြရန်၊ ကျွေးမွေးဧည့်ခံရာ၌လည်း အစားအသောက်များ လုံလောက်စေရေး၊ သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ကျွေးမွေးရေးနှင့် အစားအသောက်များကြောင့် ပြိုင်ပွဲကျင်းပမှုများ အခက်အခဲမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ မိမိတို့ဆပ်ကော်မတီ၏ လုပ်ငန်းများကို ဆပ်ကော်မတီဝင်အားလုံး ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်၊ မူဝါဒဆုံးဖြတ်မှု ခံယူရန်၊ လိုအပ်ချက်များကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဧည့်ခံကျွေးမွေးရေးနှင့်ပတ်သက်၍ ယခင်နှစ် ဆောင်ရွက်ခဲ့မှုများ၏ အားနည်းချက်၊ အားသာချက်များနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့်ကိစ္စများ၊ ကျွေးမွေးဧည့်ခံရေးဆောင်ရွက်မည့်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဝတ်စားဆင်ယင်မှု ကိစ္စများ၊ အစားအစာများ သန့်ရှင်းစင်ကြယ်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝ စွာ ကျွေးမွေးရေး၊ လုံခြုံရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ရန်စီစဉ်ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက ယခင်ပြိုင်ပွဲများ၌ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်

Source From: Kyemon

Newspaper - 3496 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download