(၃၃) ကြိမ်မြောက် မြန်မာ - ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေး၊ မြန်မာ - ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပ
(၃၃) ကြိမ်မြောက် မြန်မာ - ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေး၊ မြန်မာ - ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / March 24, 2026
ရန်ကုန် မတ် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Parkroyal Hotel ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနတို့၏ (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံအကြားတွင် ၂၀၀၉ ခုနှစ် ဧပြီ ၁၉ ရက်မှစတင်၍ မြန်မာ-ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်သောရလဒ်ကောင်းများစွာရရှိ လျက်ရှိသကဲ့သို့ စိန်ခေါ်မှုများ လည်းရှိကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက် နေသူများအနေဖြင့် လူကုန်ကူး ခံရသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များအရ ကူညီစောင့်ရှောက်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြသကဲ့သို့ ကာကွယ်တားဆီးရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကူညီကြရမည်
စောင့်ရှောက်မှုခံယူရချိန် တိုတောင်းရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ပူးပေါင်းပံ့ပိုး ကြစေလိုကြောင်း၊ ထပ်မံ၍ လူကုန်ကူးမှုမခံရစေရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်းကူညီကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်ဖြစ်သည့် လူကုန်ကူးခံရသူ၏ အကောင်းဆုံးအကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Sunee Srisangatrakullert က ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် လူကုန်ကူးခံရသူများအား အတတ်နိုင်ဆုံး၊ အကောင်းဆုံးပံ့ပိုး ကူညီလျက်ရှိကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများ နစ်နာမှုအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကာယကံရှင်ထံသို့ လွှဲပြောင်း
ယင်းနောက် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည့် လူကုန်ကူးခံရသူတစ်ဦးရရှိသည့် လျော်ကြေးငွေ ဘတ် ၄၅၀၀၀ အား ကာယကံရှင်ထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ - ထိုင်း နှစ်နိုင်ငံဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မတ် ၂၄ ရက်တွင် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူး ခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3479 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
