(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်
Ministry of Information/ Naypyitaw / May 14, 2025
ရန်ကုန် မေ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်း လှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြကြပ်မတ်ပေးရန်၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန် မှာကြားသည်။
ထို့နောက် မင်္ဂတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်းမိုးလုံလေလုံ အားကစားရုံသို့ရောက်ရှိပြီး စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ၊ နည်းပြများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားအောင်မြင်မှုများရရှိရန်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးကြိုးစားအားထုတ်ကြရန် မှာကြားကာ ပဏာမလက်ရွေးစင် ဘော်လီဘော အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးရုံ၊ ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေသည့် ပိုက်ကျော်ခြင်း အားကစားရုံ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်ဘိလိယက်နှင့် စနူကာအားကစားသမားများ လေ့ကျင့်နေမှု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်၌ ပဏာမလက်ရွေးစင် အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
