(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / October 29, 2025
နေပြည်တော် အောက်တိုဘာ ၂၈
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဂျူဒို လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။
ယနေ့ လက်ရည်ဆန်းစစ်ဂျူဒို ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အိအိဝင်း(GC)၊ ဒုတိယ မေဇင်ဖြိုး (YC)၊ ပူးတွဲတတိယ နော်မြတ်နိုးရွှေစင် (YC) နှင့် ဆောင်ယုံ (YC) တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်ကလည်းကောင်း၊ အမျိုးသမီး(-၅၇)ကီလို တန်းပြိုင်ပွဲတွင် ပထမပြည့်စုံအောင် (GC)၊ ဒုတိယ အိအိသဇင်ဇော် (GC)၊ ပူးတွဲတတိယ နန်းဖြိုးသီရိ ဟန် (YC) နှင့် ပိုးအိလွင် (GC) တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆောင်းဦးဝေ(GC)၊ ဒုတိယ ထက်ထက်လင်း(YC)၊ တတိယ နန်းနုနုခေါင်(YC)နှင့် အမျိုးသား(-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဖြိုးကျော်ကျော်(YC)၊ ဒုတိယ စောမြသံစဉ်(YC)၊ ပူးတွဲ တတိယ အောင်ဆက်ပိုင်(YC)နှင့် အိဇက် (YC)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အမျိုးသား(-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ လရောင်ရှန်(GC)၊ ဒုတိယ လှိုင်မင်း ခန့်(GC)၊ ပူးတွဲတတိယ ထက်အောင် (GC)နှင့် ကျော်ဆွေ(YC)နှင့် အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမသန့်ဇင်ဝင်းအောင် (GC)၊ ဒုတိယချစ်ကိုကို(GC)၊ တတိယအောင်ပြည့်ဖြိုး(YC)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက လည်းကောင်း၊ အမျိုးသမီး (+၇၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC)၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC)၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC)၊ ဒုတိယဇော်လင်းဖြိုး ပူးတွဲတတိယ စထက်ဝေဖြိုး(YC)နှင့် အောင်ပိုင် ခန့်(YC) တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဂျူဒိုနေ့အထိမ်းအမှတ် ဒီပလိုမာမှတ်တမ်းလွှာကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံပြီး မကြာမီ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3332 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
