(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များ ရရှိရေးညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ ဗန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့တို့၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေး၊ အားကစားနည်းအလိုက် မျှော်မှန်းဆုတံဆိပ်များရရှိရေး၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်မှု၊ စားသောက်မှု၊ လေ့ကျင့်မှုများနှင့် ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များ ကြိုတင်ခွဲဝေဆောင်ရွက်ရေးနှင့် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများ ဆွတ်ခူးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာအားကစားအဖွဲ့အောင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း (MTM)၏ ၂၀၂၅-၂၀၂၆ ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံရာ အသင်းမှတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အသင်းအနေဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားတိုးတက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများအပြင် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကြရန်၊ ကမ္ဘာ့ခရီးသွားဈေးကွက်တွင် ဧည့်သည်များ စိတ်ဝင်စားမှုများပြားသည့် Authentic Experiences နှင့် Authentic Culture များကိုအခြေခံ၍ ဆွဲဆောင်ကြရန်၊ နိုင်ငံတကာ ဈေးကွက်အခြေအနေကို လေ့လာဆန်းစစ်သုတေသနပြု၍ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရန် မှာကြားသည်။

သတင်းစဉ်

Newspaper - 3361 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download