(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet - 33rd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်
(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet - 33rd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၇
စင်ကာပူနိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet-33rd AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် စင်ကာပူတပ်မတော်၏ Singapore Armed Forces Training Institute (SAFTI) သို့ရောက်ရှိခဲ့ပြီး မြို့တွင်း စစ်ဆင်ရေးလေ့ကျင့်ရေးကွင်းနေရာနှင့် မြို့တွင်းစစ်ဆင်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် သဏ္ဌာန်တူလေ့ကျင့်ရေး အထောက်အကူပြုလက်နက်စနစ်များ၊ လက်ဖြောင့်သေနတ် သရုပ်ပြပစ်ခတ်မှု၊ စောင့်ကြည့်ထောက်လှမ်းရေးသုံး ဒရုန်းသရုပ်ပြ ပျံသန်းမှု၊ မြေပြင်သွားမောင်းသူမဲ့ယာဉ်စနစ်များကို လေ့လာကြည့်ရှုခဲ့သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် Singapore Armed Forces Training Institute ၏ စစ်ရေးပြ ကွင်းသို့ရောက်ရှိခဲ့ပြီး အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ Novelty Shoot ပစ်ခတ်စဉ်၌ ပါဝင်ပစ်ခတ်ခဲ့သည်။ ဆက်လက်၍ စင်ကာပူတပ်မတော်က အသုံးပြုလျက်ရှိသည့် တိုက်ခိုက်ရေးယာဉ်များနှင့် မောင်းသူမဲ့ယာဉ် စနစ်များအသုံးပြု၍ အဆောက်အအုံအတွင်းရှိ ရန်သူအား ရှင်းလင်းခြင်းသရုပ်ပြသည့် မြို့တွင်းစစ်ဆင်ရေး သဏ္ဌာန်တူလေ့ကျင့်ခန်း သရုပ်ပြသမှုအား လေ့လာကြည့်ရှုခဲ့သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet-33rd AARM) ပိတ်ပွဲ အခမ်းအနားသို့ အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။ ဆက်လက်၍ မြန်မာ့တပ်မတော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များသေနတ်ပစ်ပြိုင်ပွဲ (33rd AARM) ၏ နှုတ်ဆက်ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3363 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
