(၃၈) ဖြာ မင်္ဂလာတရားများလွှမ်းခြုံဝေဆာ မြန်မာပြည်တစ်ဝန်းအေးချမ်းသာယာ


Ministry of Information/ Naypyitaw / November 15, 2025
image_latest


ကြီးပွားချမ်းသာရေး မင်္ဂလာတရားတော်ကို အမျိုးမျိုးအဓိပ္ပာယ်ဖော်ဆောင်ကြသည်။ အချို့က ကောင်းသောအဆင်းကိုမြင်ရလျှင် ကြီးပွားကြောင်းဖြစ်၏။ အချို့ကကောင်းသောအသံကိုကြားရလျှင် ကြီးပွားကြောင်းဖြစ်၏။ အချို့ကကောင်းသောအနံ့အရသာ အတွေ့ခံစားရလျှင် ကြီးပွားကြောင်းဖြစ်၏ဟု အယူရှိသည်ဟု ပြောဆိုကြသည်။ သို့သော် တိကျသောအဖြေကိုမူမရကြပေ။ နောက်ဆုံးတွင် နတ်သားတစ်ပါးက မြတ်စွာဘုရားထံရောက်ရှိပြီး ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားကို ဟောတော်မူရန်တောင်းပန်သဖြင့် မြတ်စွာဘုရားက မင်္ဂလသုတ်တရားတော်ကို ဟောတော်မူသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော (၃၈)ဖြာမင်္ဂလာ ကြီးပွားချမ်းသာရေးတရားတော်များကို ခြုံငုံသုံးသပ်ကြည့်လျှင် ကုသိုလ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေးစသည့် အမျိုးဘာသာသာသနာကိစ္စအားလုံးပါဝင်လေသည်။ ထို့ကြောင့် (၃၈)ဖြာသော ကြီးပွားချမ်းသာရေး မင်္ဂလာတရားတို့သည် လူမျိုးမရွေး၊ ဘာသာမရွေး ကြီးပွားချမ်းသာလိုသူတိုင်း လိုက်နာကျင့်သုံးအပ်သော နည်းလမ်းများဖြစ်သည်။ အထူးသဖြင့် ယနေ့လူငယ်လူရွယ်များအားလုံး ကြီးပွားချမ်းသာရေးမင်္ဂလာတရားတော်များကို နှလုံးစိတ်ဝယ် ကိန်းအောင်ညွတ်နူးပြီး နှုတ်ဝယ်ရွရွဆောင်ယူကြကာ လိုက်နာကျင့်သုံးကြမည်ဆိုပါလျှင် မြန်ပြည်တစ်ဝန်း အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားအောင်ပွဲနေ့အခါသမယတွင် ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုကကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတု၊(၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားတွင် မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုရရှိကြသော လူငယ်မောင်မယ်လေးများနှင့် ရန်ကုန်မြို့မှ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်လေးများ၏ (၃၈)ဖြာမင်္ဂလာတရားကို စုပေါင်းသီဆိုရွတ်ဆိုကြသည့် ကျက်သရေမင်္ဂလာရှိသော ဘဝဂ်ထိတိုင်ပျံ့လွင့်သည့် သီချင်းသံများသည် မြန်မာပြည်တစ်ဝန်း အေးချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းပေးမည့် အတိတ်နိမိတ်ကိုဆောင်နေပေသည်။

ထို့ကြောင့် မြန်မာပြည်တစ်ဝန်း အေးချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် လူငယ်လူရွယ်များအပါအဝင် ပြည်သူပြည်သားအပေါင်းတို့က မြန်မာတို့၏ဘာသာတရား၊ ယဉ်ကျေးမှုအစဉ်အလာများအရ (၃၈)ဖြာမင်္ဂလာတရား၏ တစ်ခုချင်းစီအနက်အဓိပ္ပာယ်နှင့် အကျိုးသက်ရောက်မှုတို့ကို နက်ရှိုင်းစွာသိမြင် နားလည်ကြစေရန်နှင့် လိုက်နာကျင့်ကြံကြိုးစားအားထုတ်ကြရန် လိုအပ်ပေသည်။ အသေဝနာစဗာလာနံ- လူမိုက်တို့ကို မဆည်းကပ်ရခြင်း၊ ပဏ္ဍိတာနဉ္စ သေဝနာ-ပညာရှိ လူလိမ္မာတို့ကို မှီဝဲဆည်းကပ်ရခြင်း၊ ပူဇာစပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ပတိရူပဒေသဝါသောစ- သင့်တင့်လျောက်ပတ်သော အရပ်၌နေရခြင်း၊ ပုဗ္ဗေစ ကတပုညတာ- ရှေးရှေးဘဝ ရှေးရှေးကာလက ပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ အတ္တသမ္မာပဏိဓိစ- မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်းခြင်းအမှုတို့ကိုပြုကြရမည်ဖြစ်သည်။

ဗာဟုသစ္စဉ္စ- အကြားအမြင်ဗဟုသုတရှိခြင်း၊ သိပ္ပဉ္စ- စက်မှုလက်မှု အတတ်ကိုတတ်ခြင်း၊ ဝိနယောစ သုသိက္ခိတော-ကျင့်ဝတ်စည်းကမ်းများကို သင်ယူလိုက်နာခြင်း၊ သုဘာသိတာစ ယာဝါစာ- ကောင်းသောစကားကို ပြောဆိုတတ်ခြင်း၊ မာတာပိတု ဥပဋ္ဌာနံ- မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း၊ ပုတ္တဒါရဿ သင်္ဂဟော- သားသမီးဇနီးမယားတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ အနာကုလာစ ကမ္မန္တာ- သူတစ်ပါးကို မထိခိုက်သောအလုပ်ကိုပြုလုပ်ရခြင်း၊ ဒါနဉ္စ- လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း၊ ဓမ္မစရိယာစ- တရားနှင့်အညီ ကျင့်ဆောင်ခြင်း၊ ဉာတကာနဉ္စ သင်္ဂဟော- ဆွေမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ အနဝဇ္ဇာနိ ကမ္မာနိ- အပြစ်ကင်းသောအလုပ်၊ အများအကျိုးပြုအလုပ်တို့ကိုလုပ်ဆောင်ခြင်း၊ အာရတီ(ပါပါ)- မကောင်းမှုတို့ကိုကြိုတင်ဆုံးဖြတ်၍ ရှောင်ကြဉ်ခြင်း၊ မဇ္ဇပါနာစ သံယမော- အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။

ထို့အပြင်ကုသိုလ်တရား၌ မမေ့လျော့ခြင်း၊ ရိုသေထိုက်သူကိုရိုသေခြင်း၊ မာန်မာနမရှိခြင်း၊ သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊ အခါအားလျော်စွာ တရားနာယူရခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ ဆုံးမစကားနားထောင်လွယ်သူဖြစ်ခြင်း၊ ရဟန်းသံဃာတော်တို့ကို ဖူးမြော်ရခြင်း၊ အခါအားလျော်စွာ တရားဆွေးနွေးရခြင်း၊ အကုသိုလ်စိတ်များ ခေါင်းပါးအောင်ခြိုးခြံစွာကျင့်ရခြင်း၊ မဂ်ဖိုလ်ရအောင် မြတ်သောအကျင့်ကိုကျင့်ရခြင်း၊ သစ္စာလေးပါးတို့ကိုသိခြင်း၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း၊ လောကဓံနှင့် ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြမှုမရှိခြင်း၊ တပ်မက်မှုမရှိခြင်း၊ ကိလေသာ ဘေးရန်မရှိခြင်းဟူသည့် မင်္ဂလာတရားတော်များနှင့်အညီ ပြည်သူပြည်သားအပေါင်းတို့ လိုက်နာကျင့်ကြံအားထုတ်ကြခြင်းဖြင့် မြန်ပြည်တစ်ဝန်းဘေးမသန်းဘဲ အေးချမ်းသာယာဝပြောမည် ဖြစ်ပါကြောင်း။          ။

Newspaper - 3350 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download