(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စာတမ်းဖတ်ပွဲများ ကျင်းပ
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စာတမ်းဖတ်ပွဲများ ကျင်းပ
Ministry of Information/ Naypyitaw / January 21, 2025
ရန်ကုန် ဇန်နဝါရီ ၂၀
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိသည်။
ညီလာခံပထမနေ့တွင် ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း အသက်လတ်ပိုင်း (၄၀ - ၆၀ အတွင်းရှိ) အဆီများနေ သောသူများကို တွေ့ရှိရမှုနှင့် ယင်းတို့နှင့်ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာ အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်ခုတွင် လေ့လာခြင်း သုတေသနစာတမ်း၊ မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် ကိုယ်လက်ကြံ့ခိုင်မှုအားလေ့လာခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သော တစ်ကြိမ်လေ့လာမှု သုတေသနတွင် တွေ့ရှိခဲ့သော ကာယကြံ့ခိုင်မှုပျံ့နှံ့မှု သုတေသနစာတမ်း၊ သက်ကြီးရွယ်အိုလူနာများ၏ အာဟာရအခြေအနေနှင့် အားအင်ချည့်နဲ့ခြင်းတို့၏ ဆက်စပ်မှုကို လေ့လာခြင်းသုတေသနစာတမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သွေးဆိပ်သင့် လူနာများတွင် တွေ့ရှိသည့် ပြင်းထန်သော Escherichia coli မျိုးကွဲများကို ဉာဏ်ရည်တုနည်းပညာသုံး ဇီဝသတင်းအချက်အလက်တွက်ချက်နည်းများဖြင့် မျိုးဗီဇတစ်ခုလုံးကိုလေ့လာခြင်း သုတေသနစာတမ်း၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး သွေးကင်ဆာလူနာများ၏ ခန့်မှန်းဆယ်နှစ်တာ အသက်ရှင်မှုသုတေသနစာတမ်းများကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်း ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ International Tuberculosis Research Centre တို့အကြား ဆောင်ရွက်မည့် Letter of Intent ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်နှင့် ကိုရီးယားသမ္မတနိုင်ငံ International Tubercul-osis Research Centre, Chairman of the Board, Dr Sundae Song တို့က လက်မှတ်ရေးထိုးကြသည်။
ထို့နောက် မြန်မာ - ကိုရီးယားပူးတွဲနှီးနှောဖလှယ်ပွဲ (၂၀၂၅) ကို “ဆေးယဉ်ပါးတီဘီရောဂါ၊ အသည်းရောင်အသားဝါဘီနှင့် ငှက်ဖျားရောဂါတို့ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ရောဂါရှာဖွေရေး နှင့် ကုသရေးနည်းလမ်းသစ်များဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံကူးစက်ရောဂါများထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ခြုံငုံသုံးသပ်ချက်၊ ဆေးယဉ်ပါးတီဘီနှင့် ပြင်းထန် ဆေးယဉ်ပါးတီဘီ (MDR နှင့် Pre-XDR) တို့ကို မိနစ် ၄၀ အတွင်း တစ်ပြိုင်နက်တည်း လျင်မြန်စွာသိရှိနိုင်သည့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ မြန်မာနိုင်ငံရှိ အသည်းရောင်အသားဝါဘီပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုဆိုင်ရာ မော်လီကျူးဇီဝဗေဒဆိုင်ရာဆက်စပ်မှုနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်တွေ့ရှိချက်များ၊ ငှက်ဖျားဆေးယဉ်ပါးမှုကို ကျော်လွှားရန် အလားအလာရှိသော Ubiquitin-Proteasome စနစ်ကို အဓိကထားသည့် နည်းဗျူဟာသစ်၊ မြန်မာနိုင်ငံတွင် တီဘီရောဂါ၊ ဗိုင်းရပ်စ်အသည်းရောင်ရောဂါ၊ ငှက်ဖျားဆေးယဉ်ပါးမှုဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပညာရှင်များက ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် သုတေသီများက မေးမြန်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download