(၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ


Ministry of Information/ Naypyitaw / May 22, 2025
image_latest


ရန်ကုန် မေ ၂၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၅၉) ကြိမ် မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင် ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံဒေသတွင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် များစွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို မိမိတို့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါအတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘက်စုံပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားသယ်ယူ ပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခု အစည်းအဝေးများတွင် အာဆီယံ - နယူးဇီလန် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံရေးဆွဲရေး၊ အာဆီယံဒေသတွင်း သင်္ဘော စွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပြီးသတ်ဆွေးနွေးအတည်ပြုရေး စသည်များ ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ၏ အကြား အလပ်မရှိသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်ဖြစ်ပေါ်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုများကတစ်ဆင့် အပြည့်အဝအောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုး ကူညီမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာ ရှိကြီးများအဆင့် အစည်းအဝေးများကို ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ထပ်မံအလှည့်ကျရောက်သဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3170 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download