(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်တောင်တက်စက်ဘီး (Monutain Bike)ပြိုင်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 03, 2024


ဘားအံ နိုဝင်ဘာ ၃

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံ ဂေါက်ကလပ်၌ ကျင်းပသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ဖာပွန်၊ ကျိုက်ထို၊ ငန်းတေး၊ သထုံ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး မြို့နယ်များမှ ဂေါက်သီးရိုက်အားကစားသမား ၁၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ က ဂေါက်သီးရိုက်၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြ သည်။

အလားတူ (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်တောင်တက်စက်ဘီး(Monutain Bike) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အမျိုးသားအသက်(၄၀)နှင့်အထက်ပြိုင်ပွဲ၊ အသက်(၄၀)အောက်ပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အသက်(၁၃)နှစ်အောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးခွဲ၍ ကျင်းပခဲ့ပြီး အမျိုးသားပြိုင်ပွဲကို လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်ကဇာသပြင်လမ်းဆုံ၌လည်းကောင်း၊ အမျိုးသမီးအလွတ် တန်းနှင့်အသက်(၁၃)အောက်ပြိုင်ပွဲကို တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ထုံးအိုင်လမ်းဆုံတွင်လည်းကောင်း သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် စတင်တာလွှတ်ရာဇာသပြင်လမ်းဆုံမှ ကြာအင်းတောင် ခြေထိ ၃၉ ကီလို မီတာ၊ ကြာအင်းတောင်ခြေမှကြာအင်းတောင်ပေါ်သို့ ၆ ကီလိုမီတာ၊ အမျိုးသမီးအလွတ်တန်းနှင့် အသက်(၁၃)နှစ်အောက်ပြိုင်ပွဲတွင် စတင်တာလွှတ်ရာထုံးအိုင်လမ်းဆုံမှ ကြားအင်းတောင်ခြေထိ ၁၇ ကီလိုမီတာ၊ ကြာအင်းတောင်ခြေမှ ကြာအင်းတောင်ပေါ်ထိ ၆ ကီလိုမီတာ ပြိုင်ပွဲဝင်ခဲ့ကြကာ ပြိုင်ပွဲများယှဉ်ပြိုင်နေမှုနှင့် ပန်းဝင်လာမှုတို့အား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်စက်ဘီးစီးအားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ဘားအံ၊ လှိုင်းဘွဲ၊ ရန်ကုန်၊ မန္တလေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်မြို့များမှ ပြိုင်ပွဲဝင် စုစုပေါင်း ၁၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကြားအင်းတောင်ပေါ်၌ ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၁၀ အထိ ရရှိကြသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား(၄၀)နှစ်အထက်နှင့်အမျိုးသား(၄၀)နှစ်အောက်ပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆု ၆ မှ ၁၀ အထိရရှိကြသူများ ကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးစောထွန်းအောင်က အမျိုးသား (၄၀)နှစ်အထက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးအလွတ် တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၃)အောက် အထူးဆု(၂)ဆု၊ အသက်(၆၀)နှစ်အထက် အထူးဆု (၂)နှင့် အမျိုးသား(၄၀)နှစ် အောက်တောင်တက်စက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Newspaper - 3031 items

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download