(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံပိုင်လုပ်ငန်း စွမ်းဆောင်ရေးဆုရရှိသည့် လုပ်ငန်းနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိသူများကို ဂုဏ်ပြုသည့် အခမ်းအနားကျင်းပ


Ministry of Industry/ Ministerial Office / January 15, 2025


 

နေပြည်တော်၊ ဇန်နဝါရီ (၇)
    (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံပိုင်လုပ်ငန်း(SOE) စွမ်းဆောင်ရည်ဆုရရှိသည့် လုပ်ငန်းနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိသူများကို ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
    ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသော စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် နိုင်ငံပိုင်လုပ်ငန်း (SOE) စွမ်းဆောင်ရေးဆုရရှိသည့် လုပ်ငန်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းရေးဆိုင်ရာလုပ်ငန်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် ထောက်ခံတင်ပြချက်များအပေါ်တွင် စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ်ဂုဏ်ပြု ချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်၍ ဘွဲ့တံဆိပ်ရရှိခဲ့ကြသည့် ဝန်ထမ်းများအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရပ်နားထားသည့် နိုင်ငံပိုင်စက်ရုံများအား ပြန်လည်လည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် နည်းလမ်းများနှင့် အစီအမံများကို ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးသည့် ကာကွယ်ဆေး၊ ကုသဆေးများကို  ထုတ်လုပ်ပြီး ခိုင်မာသည့် အမှတ်တံဆိပ် (Brand)၊ ခိုင်မာသည် ဈေးကွက်ရရှိပြီးဖြစ်၍ လက်ရှိထုတ်လုပ်နေသည့် ဆေးဝါးများအပြင် ဆေးဝါးအမယ်သစ်များကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့သည်  မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် ဆေးဝါးများကို နှစ်စဉ်တိုးမြှင့်ဝယ်ယူခဲ့သည့်အတွက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့်လည်း ဝန်ကြီးဌာနများ၏ အမှာစာများကို အချိန်မီထုတ်လုပ်ပေးပို့နိုင်ရေး အတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်တွင်း၌ လိုအပ်နေသည့် ဆေးဝါးများအပြင် အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ပေးလျက်ရှိပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်းတွင် ပြည်သူများအရေးပေါ် လိုအပ်နေသည့် Myancopharm ကိုဗစ်ရောဂါကာကွယ်ဆေးကိုလည်း ထုတ်လုပ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ ဆေးဝါးအမယ်သစ်များ ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်လုပ်ငန်း (SOE) များကို စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ခဲ့ရာ ထူးခြားအောင်မြင်သည့် ဦးစီးဌာန/စက်မှုလုပ်ငန်းတစ်ခုကို ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း အောင်မြင်မှု စံနှုန်းများ ပိုမိုမြင့်မားလာနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စိစစ်မည့်စံနှုန်းများကို ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်လုပ်ငန်းများ၏ စွမ်းဆောင်ရေးဆုကို နှစ်စဉ်စိစစ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်ရေး၊ ဘဏ္ဍာငွေချွေတာသုံးစွဲရေးနှင့် ရပ်နားစက်ရုံများ လည်ပတ်ရေးတို့အတွက် များစွာ အထောက်အကူရရှိမည်ဟု ယုံကြည်ကြောင်း၊ ဦးစီးဌာန/စက်မှုလုပ်ငန်းများ အောင်မြင်ရေး အတွက် ပါဝင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်စီကြိုးစား အားထုတ်မှု၊ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုများသည် အရေးပါသကဲ့သို့ ချမှတ်ထားသည့် အဓိကဆောင်ရွက်ရမည့် အညွှန်းကိန်းများ (KPIs)၊ ရည်မှန်းချက်များ အောင်မြင်အောင် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် အခြေခံကျသည့်ကဏ္ဍများမှ ပါဝင်ဆောင်ရွက်ကြရသည့်အတွက် ဝန်ထမ်းများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်မှလည်း ဘွဲ့ထူး၊ ဂုဏ်ထူးများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံတော်မှ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအနက် ဝန်ထမ်း (၅၅)ဦးကိုလည်ကောင်း၊ ယခုနှစ်တွင် ဝန်ထမ်း(၁၀)ဦးကိုလည်းကောင်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း၊ ဝန်ထမ်းများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ၊ နည်းပညာစွမ်းဆောင်ရည်ဆုများ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ဦးစီးဌာန၊ စက်မှုလုပ်ငန်းအသီးသီးမှ စိစစ်ထောက်ခံပေးရမည်ဖြစ်ကြောင်း၊  နိုင်ငံတော်မှ ဝန်ထမ်းများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်သကဲ့သို့ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ တစ်ဆင့်မြင့်ရာထူးနေရာများသို့ အသီးသီးတိုးမြှင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရပ်နားထားသည့် စက်ရုံများရှိ ဝန်ထမ်းများ အလုပ်အကိုင်ရရှိစေရေး၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကို လက်တွေ့အသုံးပြုနိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ကြီးဌာနအတွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ်(၇)အထည်စက်ရုံ (မြစ်သား) တွင် ၁/၄၀ ချည်ထုတ်လုပ်သည့်စက်များဖြင့်  ၂ /၈၀ ချည်များ ထုတ်လုပ်နိုင်ရေးနှင့် ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် ကျောက်ကပ်ဆေးဆေးရည် (Haemodialysis Solution) များကို ထုတ်လုပ်ရောင်းချနိုင်ရေးတို့အတွက် သုတေသနပြု တီထွင်စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ရုံများ၏  ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးတည်ချက်များချမှတ် ဆောင်ရွက်ရသကဲ့သို့ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ပြည်တွင်း/ပြည်ပမှ ကုန်ကြမ်းများရရှိရေး၊ အရည်အသွေးပြည့်မီသည့် ကုန်ချောများထုတ်လုပ်ရေး၊ ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ဈေးကွက်ရရှိရေး စသည့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရေးအတွက် ဦးစီးဌာန၊ လုပ်ငန်းများအနေဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြပါ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် တာဝန်ရှိသူများမှ လေ့ကျင့်ပျိုးထောင်ပေးကြပါ၊ ဝန်ထမ်းများ၏ စုပေါင်းကြိုးစားမှုဖြင့် နိုင်ငံတော်အတွက်အကျိုးရှိသည့် ဆန်းသစ်တီထွင်မှု များ ပေါ်ထွက်လာအောင်ဆောင်ရွက်ပေးကြပါ၊ နိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ရရှိသူများအတွက် မုဒိတာပွား ဝမ်းမြောက်ဂုဏ်ယူဖွယ်အဖြစ် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ပြောကြားသည်။
    ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေး၊ ထုတ်လုပ်ပြီးကုန်ချောများကို ကုန်စင်အောင်ရောင်းချနိုင်ရေး၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ရေရှည်ရပ်တည် လည်ပတ်နိုင်ရေးတို့အတွက် နိုင်ငံပိုင်လုပ်ငန်းစွမ်းဆောင်ရေးဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်စိစစ် ဆောင်ရွက်ခဲ့မှုအခြေအနေတို့ကိုလည်းကောင်း၊ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသည့် ဝန်ထမ်းများကိုယ်စား စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဂုဏ်ထူးဆောင်တံဆိပ်၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)    

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download