(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ သစ်ပါးလွှာစက်ရုံဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / February 03, 2025


ဘားအံ ဖေဖော်ဝါရီ ၃

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်ရှိ အဆိုပါ သစ်ပါးလွှာစက်ရုံ၌ ကျင်းပသည်။

ဘားအံစက်မှုဇုန်တွင် လည်ပတ်စက်ရုံ ၃၈ ရုံနှင့် တည်ဆောက်ဆဲစက်ရုံ ၂၂ ရုံရှိပြီး ယခုသစ်ပါးလွှာစက်ရုံကို ထပ်မံဖွင့်လှစ်ခဲ့သည့်အတွက် လည်ပတ်စက်ရုံ ၃၉ ရုံအထိတိုးတက်လာကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က သစ်ပါးလွှာစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယနေ့ဖွင့်လှစ်သည့် ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ သစ်ပါးလွှာစက်ရုံကို ရင်းနှီးမြှုပ်နှံမှု (၁ ဒဿမ ၅ ဘီလီယံ)ဖြင့် လျာထားတည်ဆောက်ခဲ့ပြီး စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါ သစ်ပါးလွှာ ထုတ်လုပ်နေရာမှ နောင်တွင်နည်းပညာဆန်းသစ်တိုးမြှင့်၍ အထပ်သား၊ ကြိတ်ပြား၊ သစ်အချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားစေလိုကြောင်း၊ ဒေသတွင်းရှိ အရင်းအမြစ်များကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်ရရှိစေရန်အတွက် ပူးပေါင်းပါဝင်‌ ဆောင်ရွက်ကြပြီး မိမိတို့အကျိုး၊ ဒေသနှင့် တိုင်းရင်းသားလူမျိုးများအကျိုးတို့ကို ဆထက်ထမ်းပိုးကြိုးပမ်းအားထုတ်၍ ကရင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဇုန်ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဘားအံစက်မှုဇုန်အတွင်း စက်ရုံ၊အလုပ်ရုံများကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နိုင်ရေး Infra Structure ပိုင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး စသည့်ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားပြီး ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက သစ်ပါးလွှာစက်ရုံရှိ အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သား အချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရာဘာသစ်ပါးလွှာထုတ်လုပ်ပုံအဆင့်ဆင့်နှင့် အရည်အသွေး ခွဲခြားပါကင်ထုတ်ပိုးထားရှိမှုနှင့် စက်ရုံထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြပါသည်။

Newspaper - 3065 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download