(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / February 05, 2025
ဘားအံ - ဖေဖော်ဝါရီ (၅)
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Grace Khin ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဆက်သွယ်ထားသော အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီ က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း(၆)ဖာလုံကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုအောင်ဆန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့ များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်လမ်း သည် စုစုပေါင်းလမ်းအရှည် (၁)မိုင် (၃ ဒဿမ ၅)ဖာလုံရှိပြီး ကွန်ကရစ်လမ်းအဖြစ် (၆)ဖာလုံကိုဆောင်ရွက်ပေးနိုင်ခဲ့ ရာ ကျန်ရှိသည့်လမ်းပိုင် ၅ ဒဿမ ၅ ဖာလုံအား လာမည့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဖြစ် သည့် လမ်း၊တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုပြီး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပဒိုအောင်ဆန်းက အမှာစကားပြောကြားပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် လမ်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသော ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူ များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန့်မ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ဌာနဆိုင်ရာများမှ အမျိုးသားဘော်လီဘောအသင်း(၁၇)သင်း၊ အမျိုးသမီးဘော်လီဘော အသင်း(၈)သင်း စုစုပေါင်းအားကစားသမား ( ၃၇၅ )ဦးဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားကိုလှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ခန္ဓာကိုယ်ကိုစနစ်တကျထိန်းချုပ်နိုင်မှု ကိုယ်ရော စိတ်ပါကျန်းမာကြံ့ခိုင်မှုစသည့်အကျိုးတရားများကို ရရှိခံစားရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံး ပြိုင်ပွဲ စည်းမျဉ်း၊စည်းကမ်း၊ဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းဖြင့်ယှဉ်ပြိုင်အနိုင်ယူကစားကြစေလိုကြောင်း၊ ဒိုင်လူ ကြီး၏ အဆုံးအဖြတ်ကိုလည်းလိုက်နာကာ အားကစားသမားကောင်းစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အမျိုးသမီးဘော်လီဘောအသင်းနှင့် လမ်းဦးစီးဌာန အမျိုးသမီးဘောလီ ဘောအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘော်လီဘောအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနအမျိုးသမီးဘော်လီဘောအသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။





Newspaper - 3476 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
