(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ တတိယနေ့တွင် တစ်ခဲနက်လာရောက်ပါဝင်နွှဲပျော်ကြသည့် ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများဖြင့် စည်ကားလျက်ရှိ


Ministry of Information/ Naypyitaw / February 13, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားများပြားခဲ့သည်။

ယနေ့သည် ပွဲတော်၏တတိယနေ့သို့ ရောက်ရှိလာခဲ့သည့်အပြင် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် စည်းလုံးညီညွတ်မှုအနှစ်သာရများစွာဖြင့် ပြည့်စုံလှသည့် ပြည်ထောင်စုနေ့အခါသမယနှင့် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် ယခင်ရက်များနှင့်မတူ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပသည့်ပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တဖွဲဖွဲလာရောက်လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများကလည်း မိဘပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရန်အတွက် ပွဲတော်ဝင်ပေါက်နေရာများတွင် လုံခြုံရေးအရစစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကြသည်။

စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာ

ယနေ့ပြပွဲ၏ ထူးခြားမှုအနေဖြင့် ပွဲတော်အတွင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ရိုးရာအစားအသောက်များ၊ အထင်ကရ နေရာပြခန်း၊ ပြကွက်များကို အသိပညာဗဟုသုတရရှိစေရန် လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME ) များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့်လုပ်ငန်းရှင်များ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာခဲ့ကြသည်ကို တွေ့မြင်ရသည်။

အဆိုပါလုပ်ငန်းရှင်များအား ပြခန်းအလိုက် တာဝန်ရှိသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများမျှဝေပေးခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ လုပ်ငန်းများအလိုက် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေး ဆွေးနွေးမျှဝေပေးကြရာ MSME လုပ်ငန်းရှင်များအတွက် ဆန်းသစ်သော ပြည်တွင်း၊ ပြည်ပပို့ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနိုင်တော့မည်လည်းဖြစ်သည်။

အလားတူ နိုင်ငံတော်တွင် လိုအပ်နေသည့် MSME ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ရန်နှင့် ကျေးလက်နေလူငယ်များ စက်မှုနှင့် သက်မွေးပညာကို အခြေခံသင်ကြားတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေသည့်အချိန်တွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စက်မှုနှင့်သက်မွေးပညာ ရွေ့လျားသင်တန်း ကျောင်းပြခန်း ဖွင့်လှစ်ပြသပေးလျက်ရှိရာ စက်မှုနှင့်သက်မွေးပညာရပ်ကို စိတ်ဝင်စားကြသည့် လူငယ်များစွာ လာရောက်လေ့လာကြပြီး တာဝန်ရှိသူများက သင်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိသည့် အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံစက်ပြင်သင်တန်း၊ အခြေခံဂဟေဆက်သင်တန်းနှင့် အခြေခံမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ကြသည်။

စည်ကားလျက်ရှိ

ထို့ပြင် ပွဲတော်သို့လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာတိုင်းရင်းသား ရိုးရာပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ဒေသအလိုက်ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာအမှတ်တရဓာတ်ပုံရိုက်ကြသူ များဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ပြခန်းများ၌လည်း အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုရာ ယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကိုပေါ်လွင် စေသည့်သီချင်းများနှင့် မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့်သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာသီဆိုကခုန် ပါဝင်ဆင်နွှဲကြသည့်မြင်ကွင်းသည်လည်း တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စည်းလုံးသည့်သွေးချင်း ညီအစ်ကိုစိတ်ထားကို အထူးပေါ်လွင်စေခဲ့သည်။

အလားတူ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ထွက်ရှိသည့် MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာအမှတ်တရ ပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာ အစားအသောက်များကိုလည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြသည့်အတွက် ပစ္စည်းများပြတ်လပ်သည်အထိ ‌ရောင်းချခဲ့ရကြောင်း သိရသည်။

ပြည်သူများတစ်ခဲနက်ပါဝင်ဆင်နွှဲ

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့်ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

ထို့ပြင် ရောင်းချပွဲသို့လာရောက်လေ့လာကြည့်ရှု ဝယ်ယူကြသည့် အများပြည်သူများ အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျ လုံခြုံရေးစစ်ဆေးဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့်ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပြသ ရောင်းချပေးလျက်ရှိရာ မိဘပြည်သူများ လာရောက်အားပေး လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်း-အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ဖိုးပြည့်စုံ

Newspaper - 3076 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download