(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / January 22, 2026
နေပြည်တော် ဇန်နဝါရီ ၂၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတို့ကို ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဆပ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်၊၊
အစည်းအဝေးတွင် မိမိတို့ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများပြပွဲကိုလည်း နေပြည်တော်၌ ခင်းကျင်းပြသသွားမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဦးစီးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးစိစစ်အကဲဖြတ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒါရိုက်တာဦးဇော်မြင့်ဦးနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆုရွေးချယ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်တို့က အွန်လိုင်းမှ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
ယခုနှစ် မြန်မာ့ရုပ်ရုင်ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်၌ ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖိတ်ကြားထားသောအနုပညာရှင်များ သွားလာနေထိုင်ရေး၊ စိစစ်အကဲဖြတ်မှုလုပ်ငန်းများ အချိန်မီစနစ်တကျ ပြီးပြတ်စေရေး၊ ကြိုဆိုနေရာချထားရေး၊ ဖျော်ဖြေရေးနှင့် ရိုက်ကူးထုတ်လွှင့်ပြသရေးတို့အပါအဝင် ဆပ်ကော်မတီအလိုက် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
Newspaper - 3418 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
