Financial Management and Accounting with EXCEL သင်တန်းဖွင့်လှစ်


Ministry of Information/ Naypyitaw / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Financial Management and Accounting with EXCEL သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ကြိုးစားလေ့လာ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ သုတေသနလုပ်ငန်းများတွင် နည်းပညာကိုလက်တွေ့ အသုံးချဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေရန် ကြိုးစားလေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန်နှင့် လုပ်ငန်းပိုင်းပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိကိုယ်ကို လေ့လာသင်ယူလိုစိတ်၊ ကြိုးစားချင်စိတ်၊ တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးလိုစိတ်စသည့် ခံယူချက်များဖြင့် သင်တန်းကာလတစ်လျှောက် သင်ယူရန်လိုအပ်ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ခေတ်မီတိုးတက်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် e-Government စနစ်များကို Myanmar e-Governance Master Plan ၏ လမ်းပြမြေပုံတွင် ရည်မှန်းထားသောအဆင့်များအတိုင်း အောင်မြင်စေရန် တစိုက်မတ်မတ် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တတိယအဖွဲ့အစည်း(Third Party)ကို အားကိုး၍ လုပ်ငန်းဆောင်ရွက်မှုများ လျှော့ချသွားနိုင်ရေးအတွက် ဦးစီးဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်းများအနေဖြင့် ကိုယ်ပိုင် Software များ ရေးသားလွှင့်တင်နိုင်ရန်နှင့် IT Infrastructure များကို ကိုယ်တိုင်ကိုင်တွယ်အသုံးချ စီမံခန့်ခွဲနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး Programming Language သင်တန်းနှင့် Networking ဆိုင်ရာသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနအောက်ရှိဌာနများမှ အရာထမ်း၊ အမှုထမ်း ၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3452 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download