Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 30, 2025

ရန်ကုန် ဇွန် ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားခန်းမ၌ (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင် (Kickboxing) အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် Asian Kickboxing Confederation (AKC) ဥက္ကဋ္ဌ Mr. Nasser Nassiri နှင့် နည်းပြတို့က အားကစား အထောက်အကူပြုပစ္စည်းများ၊ နည်းစနစ်ပိုင်းနှင့် နည်းပညာဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) စားရိပ်သာ၌ သင်တန်းသားသင်တန်းသူများအား နေ့လယ်စာကျွေးမွေးရန် ပြင်ဆင်ထားရှိမှု၊ I.S.P.E ဘောလုံးအသင်း နေ့လယ်စာစားသုံးနေမှုနှင့် သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေးစခန်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်နေသော အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲတွင် ULAD FC အသင်းနှင့် Kyal Sin Lin FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက Imane Thailand မှ ပြိုင်ပွဲတွင်တာဝန်ယူခဲ့သော ဒိုင်လူကြီးများအား အမှတ်တရဆု၊ အသန့်ရှင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးကစားသမားဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့်အသင်းနှင့် အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ် နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
