Microsoft Basic Excel & Microsoft PowerPoint (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / June 04, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(နည်းပညာ)မှ ကြီးမှူးဖွင့်လှစ်သည့် Microsoft Basic Excel & Microsoft PowerPoint (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်သန္တာလေးက ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးရှိ ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရန်၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နည်းပညာအသုံးပြု၍ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ IT Audit များ ပိုမိုဆောင်ရွက်လာနိုင် စေရန်နှင့်သင်ယူထားသည့်အသိပညာ/အတတ်ပညာများကို Training for Trainer အနေဖြင့် ပြန်လည်မျှဝေပေးနိုင်စေရန်အတွက် နည်းပညာဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသစာရင်းစစ်ရုံး အသီးသီးမှ ဝန်ထမ်းများ တက်ရောက် နိုင်အောင်လည်း Online ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ နည်းပညာပိုင်း လုပ်ငန်းခွင်ဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည်နှင့်အညီ သင်ကြားလေ့လာသူများ အနေဖြင့် Excel ကို အခြေခံအဆင့်မှ စတင်သင်ယူပြီး ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စာရင်းဇယားများရေးဆွဲနိုင်ခြင်းနှင့် နည်းပညာဆိုင်ရာစာရင်းများ စစ်ဆေးရာတွင် Excel Formula များအသုံးပြု၍ ကိန်းဂဏန်းအချက်အလက်များတွက်ချက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ရှုပ်ထွေးများပြားလှသည့် Data များမှ ဆန်းစစ်လိုသည့် Data များကိုသာ စိစစ်၍ ထုတ်ဖော် စစ်ဆေးနိုင်ခြင်း၊ ရေးဆွဲထားသည့် စာရင်းဇယားများအား မြင်သာမှုရှိစေရန် Chart များ၊ Graph များဖြင့်ဖော်ပြ၍ တင်ပြနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာကြရန်၊ ရှောင်ကြဉ်သင့်သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရန် အထူးအရေးကြီးကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့မှ သင်တန်းသား (၂၃) ဦး ၊ မွန်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား(၈) ဦး ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား (၄) ဦး စုစုပေါင်း(၃၅)ဦး တက်ရောက်မည်ဖြစ်ပြီး ၂၉-၅-၂၀၂၆ ရက်နေ့မှ ၁၅-၆-၂၀၂၆ ရက်နေ့အထိ(၁၂)ရက်ကြာ Online ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်း ကထိကများက ပတ္တမြားခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံးတို့မှတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ က Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။

Newspaper - 3545 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download