MMQR စနစ်ဟာ ငွေလွှဲပြောင်းမှုတွေကို လျင်မြန်စွာဆောင်ရွက်နိုင်ပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်ရေး ဆောင်ရွက်ထားတဲ့အတွက် ငွေကြေးအဖွဲ့အစည်းတွေက MMQR စနစ်ကိုချိတ်ဆက်အသုံးပြုပြီး အပြန်အလှန်ပေးချေမှု ဆောင်ရွက်မှာဖြစ်ပါတယ်


Ministry of Information/ Naypyitaw / February 28, 2025
image_latest


ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြီး MMQR စတင်သုံးစွဲရန် လိုအပ်သည့်အချက်အလက်များ၊ ဆောင်ရွက်မည့်အခြေအနေ၊ အသုံးပြုပုံနည်းလမ်းများနှင့် လုံခြုံစိတ်ချစွာငွေပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။

မေး။   MMQR ကို ဘယ်အဖွဲ့အစည်းက ဦးဆောင်ကြီးကြပ်ဆောင်ရွက်မယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    MMQR က မြန်မာနိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Codeနဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်ကြီးကြပ်ကာ System Operator အဖြစ် Payplus Co., Ltd. က ဆောင်ရွက်လျက်ရှိပါတယ်။

မေး။   MMQR စနစ်က ဘယ်လိုနည်းပညာ၊ စံသတ်မှတ်ချက်တွေကို အခြေခံပြီး ဆောင်ရွက်ထားပါသလဲ။

ဖြေ။    မြန်မာနိုင်ငံရဲ့ MMQR Standard ကို အာဆီယံနိုင်ငံတွေနည်းတူ EMV-Co စံသတ်မှတ်ချက်စနစ်တွေနဲ့ တစ်ပြေးညီသတ်မှတ် ထားပါတယ်။ MMQR စနစ်ဟာ ငွေလွှဲပြောင်းမှုတွေကို လျင်မြန်စွာဆောင်ရွက်နိုင်ပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်ရေး ဆောင်ရွက် ထားတဲ့အတွက် ငွေကြေးအဖွဲ့အစည်းတွေက MMQR စနစ်ကိုချိတ်ဆက်အသုံးပြုပြီး အပြန်အလှန်ပေးချေမှု ဆောင်ရွက်မှာဖြစ်ပါတယ်။

မေး။   အခု MMQR ကို စတင်အသုံးပြုနိုင်ပြီလားဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ပထမဦးဆုံးအနေနဲ့ MMQR အသုံးပြုပြီး ဈေးဝယ်သူက ကုန်သည်သို့ (Customers to Merchant) ငွေပေးချေခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသုံးပြုသူအချင်းချင်း (Person to Person) ငွေလွှဲပြောင်းတာ၊ Transfer ပြုလုပ်တာ၊ ရေခွန်၊ မီတာဘီလ်လို အခွန်ပေးဆောင်မှုတွေနဲ့ အခြားသောဝန်ဆောင်မှုတွေအတွက် ပေးချေခြင်းတွေအထိ MMQR ရဲ့ ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။   MMQR က မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ အလုံးစုံပါဝင်မှုတိုးတက်အောင် ဘယ်လိုကူညီပေးမှာလဲ။

ဖြေ။    ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲရာမှာ ယခင်ကဘဏ်တွေအနေနဲ့ မိမိရဲ့ဝန်ဆောင်မှုအတွင်းမှာသာ အသုံးပြုကြတဲ့အတွက် ပေးချေနိုင်တာက အကန့်အသတ်ရှိနေပါတယ်။ အခု MMQR စနစ်ဟာ သီးခြားစီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ Mobile Wallet တစ်ခုရှိရုံနဲ့ ဘယ်နေရာကိုမဆို ပေးချေနိုင်မှာဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေခြင်း သုံးစွဲမှုများပြားလာမှာဖြစ်ပါတယ်။ ဒါ့အပြင်လက်လီဆိုင်သေးတွေ၊ ကုန်စိမ်းဈေးတွေအထိ ပေးချေနိုင်ရေး ဆောင်ရွက်ထားတဲ့အတွက် မြို့ပြမှဘဏ်လုပ်ငန်းဝန်ဆောင်မှုမရရှိတဲ့ ကျေးလက်ဒေသအထိ နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်အစုံ၊ ဧရိယာအစုံ MMQR ကို အသုံးပြုပြီး ယုံကြည်စိတ်ချစွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ငွေရေးကြေးရေး ကဏ္ဍမှာ အလုံးစုံပါဝင်တဲ့စနစ်ကို ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

မေး။   MMQR စနစ်မှာ ဘဏ်ဘယ်နှခုပါဝင်မယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    MMQR ကို ကနဦးစတင်တဲ့အစီအစဉ်မှာ ပထမအဆင့်အနေနဲ့ AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesan တို့ ပါဝင်မှာ ဖြစ်ပါတယ်။ မကြာခင်မှာမိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Wallet ဆောင်ရွက်တဲ့ဘဏ်နဲ့ ငွေပေးချေမှုအဖွဲ့အစည်းတွေ အားလုံးပါဝင် လာမှာဖြစ်ပါတယ်။

မေး။   ငွေသားသုံးစွဲမှုထက် ဒစ်ဂျစ်တယ်ပေးချေမှုကို ဘာကြောင့် တွန်းအားပေးဆောင်ရွက်သင့်တာလဲ။

ဖြေ။    ငွေသားကိုင်တွယ်ခြင်းက အလွယ်တကူပျောက်ဆုံးနိုင်တယ်၊ ခိုးယူခံရနိုင်တယ်၊ ပျက်စီးသွားနိုင်တယ်၊ သယ်ယူတာ၊ အပ်နှံတာအတွက် ကုန်ကျစရိတ်တွေရှိပါတယ်။ မှောင်ခိုဈေးကွက်နဲ့ အခြားတရားမဝင်လုပ်ဆောင်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ငွေကြေးလိမ်လည်မှု၊ မှုခင်းတွေဖြစ်ပေါ်လာရင် ငွေသားနဲ့ငွေပေးချေမှုက ခြေရာခံဖို့ ခက်ခဲပါတယ်။ ငွေသားကနေ ကိုဗစ် - ၁၉ လို ရောဂါပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ အခုအာဆီယံဒေသတွင်းက တိုးတက်နေတဲ့နိုင်ငံ တွေမှာ ငွေသားအစား ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို အသုံးပြုလာခြင်းအားဖြင့် နေ့စဉ်လူနေမှုဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်လာကြပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝမှာ အသုံးပြုရလွယ်ကူပြီး ပိုမိုမြန်ဆန်လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုအသုံးပြုခြင်းကို တွန်းအားပေးဆောင်ရွက်သင့်ပါတယ်။

မေး။   MMQR နဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းအစီအစဉ်ရှိရင် မျှဝေပေးစေချင်ပါတယ်။

ဖြေ။    MMQR ရဲ့ နောက်ထပ်အစီအစဉ်က စျေးဝယ်သူမှကုန်သည်သို့ ပေးချေခြင်းစနစ် (Customers to Merchant)၊ အသုံးပြုသူအချင်းချင်း (Person to Person) နဲ့ အစိုးရဘီလ်ပေးချေခြင်းတွေအပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေနဲ့ အလွှာစုံနယ်ပယ်အစုံမှာ MMQR အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။   MMQR က နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို ဘယ်လိုအထောက်အပံ့ဖြစ်စေပါသလဲ။

ဖြေ။    နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ အာဆီယံဒေသတွင်း နိုင်ငံတွေအချင်းချင်းချိတ်ဆက်ပြီး QR အသုံးပြုပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုတွေပြီးရင် ဒေသတွင်း နိုင်ငံတွေမှာအသုံးပြုတဲ့ Mobile Wallet တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေအတွက် ပိုမိုလွယ်ကူစေသလို E-Commerce Gateway တွေကတစ်ဆင့် ပြည်တွင်းပြည်ပကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ပြီး ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့လာစေမှာဖြစ်ပါတယ်။

မေး။   နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုကို ဘယ်နိုင်ငံတွေမှာ အသုံးပြုနိုင်မှာပါလဲ။

ဖြေ။    MMQR နဲ့နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေအတွက် အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ အိန္ဒိယ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး စတင်အသုံးပြုနိုင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။ QR အသုံးပြုပေးချေမှုတွေမှာ အဓိကအားဖြင့် စျေးဝယ်သူမှ ကုန်သည်သို့ ပေးချေခြင်းစနစ် (Customers to Merchant) ပေးချေမှုတွေအတွက် ဝန်ဆောင်ခ ကောက်ခံရာမှာ MDR အဖြစ် သတ်မှတ်ကောက်ခံပါတယ်။ အသုံးပြုသူ အချင်းချင်း(Person to Person)အတွက်လည်း ဝန်ဆောင်ခကိုနှစ်နိုင်ငံ Switch တွေက ညှိနှိုင်းကောက်ခံလျက်ရှိပါတယ်။ MMQR စနစ်မှာလည်းချိတ်ဆက်ပြီးချိန်မှာ ဝန်ဆောင်ခနဲ့ငွေလဲလှယ်နှုန်းကို နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသတ်မှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။   မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွင်ကျယ်စေဖို့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ငွေသားအသုံးပြုမှုက လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ပေမယ့်ဒစ်ဂျစ်တယ်ငွေပေးချေမှု ပိုမိုအသုံးပြုလာစေဖို့ အသုံးပြုသူ Customer နဲ့ Merchant တွေကို MMQR အကြောင်း ပညာပေးဖို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင် မှုလုပ်ငန်းတွေက Social Media Platform တွေ၊ Event တွေ၊ Mer-chants Seminar တွေနဲ့ Digital ပေးချေမှုတွေ အသုံးပြုနိုင်တဲ့ ဈေး ပွဲတော်တွေ၊ Promotion ပွဲတွေ၊ Social Media Platform က ကြေညာ တာတွေကို စဉ်ဆက်မပြတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလို MMQR စတင်အသုံးပြုချိန်ကစပြီး Merchant အရေအတွက် ၃၀၀၀၀၀ နဲ့ Users အရေအတွက် ၃ ဒသမ ၈ သန်းကို တစ်နှစ်အတွင်း အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဦးမြတ်မင်းထင်ကျော်

Deputy Chief Executive Officer - AYA Pay

MMQR အသုံးပြုသူတွေအနေနဲ့ မိမိတို့လက်ရှိသုံးနေတဲ့ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ သက်ဆိုင်ရာ Mobile Wallet တွေကနေ MMQR နဲ့ငွေပေးချေမှုတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပြီး ဒီစနစ်ကြောင့်မတူညီတဲ့ မိုဘိုင်းငွေပေးချေမှုအမျိုးမျိုးကို ပိုမိုလွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ MMQR အသုံးပြုသူ Consumer တွေနဲ့ Merchant တွေအတွက် Night Market Campaign တွေ၊ ပရိုမိုးရှင်းတွေ၊ Cash back အစီအစဉ်တွေ ဖန်တီးပေးဖို့ရှိပါတယ်။ MMQR အသုံးပြုခြင်းအတွက် မတူညီတဲ့ Mobile Payment တွေကို အပြန်အလှန်အသုံးပြုနိုင်ဖို့ System ချိတ်ဆက်ရုံသာဖြစ်ပြီး Trans-actions အရေအတွက်၊ ပမာဏ ကန့်သတ်ချက်မရှိပေမယ့် လက်ရှိမိမိ အသုံးပြုနေတဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေက Mobile Wallet အသုံးပြုမှုအတွက် ချမှတ်ထားတဲ့ Transaction Limits သတ်မှတ်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

MMQR စနစ်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူသိမ်းဆည်းထားခြင်းမရှိပါဘူး။ Tokenization လို့ခေါ်တဲ့စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာစိတ်ပူစရာမလိုပါဘူး။ လက်ရှိသုံးနေ တဲ့ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ မိုဘိုင်းပေးချေ မှုစနစ်တွေမှာရှိတဲ့ အချက်အလက်တွေအတိုင်းပဲ ရှိနေမှာဖြစ်ပါတယ်။

ဦးစိုးကိုကို

Managing Director ကမ္ဘောဇဘဏ် - KBZPay

အရင်က KBZPay က KBZPay ရဲ့QR ကိုသာ ဖတ်ရှုပေးချေရပြီး AYA Pay ကလည်း AYA Pay ရဲ့ QR ကိုသာ ဖတ်ရှုပေးချေရပါတယ်။ အခု MMQR အသုံးပြုမယ်ဆိုရင် KBZPay ရဲ့ QR ကို AYA Pay နဲ့ ပေးချေနိုင်မှာဖြစ်သလို Wave Money၊ uab Pay စတဲ့ အခြား Mobile Wallet အမျိုးမျိုးနဲ့လည်း ပေးချေနိုင်မှာဖြစ်ပါတယ်။ Customers to Merchant ငွေပေးချေမှုအတွက် ပေးချေရမယ့် ငွေပမာဏကို အသုံး ပြုသူက ရိုက်ထည့်ရတဲ့ Static QR နဲ့ QR ကို Scan ဖတ်လိုက်ရင် ပေးချေရမယ့် ငွေပမာဏကို ဖော်ပြပြီးသားဖြစ်တဲ့ Dynamic QR စတဲ့ QR နှစ်မျိုးစလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ MMQR ကို ပြည်တွင်းမှာ သုံးစွဲတဲ့ငွေပေးချေမှုတွေကို QR အသုံးပြုပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နောင်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ QR နဲ့ လွယ်ကူစွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍကို တစ်ဖက် တစ်လမ်းက အထောက်အပံ့ပေးနိုင်ပါတယ်။

ဦးရဲမွန်မင်း

Chief Business Officer- Wave Money

MMQR အသုံးပြုသူ Customer တွေအနေနဲ့ မိမိကြိုက်နှစ် သက်ရာ Mobile Wallet ကို အသုံးပြုပြီး ဘယ် Merchant ကိုမဆို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ငွေသား ကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ Merchant တွေအနေနဲ့ ငွေလက်ခံရာမှာ ဘဏ်တွေ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ရဲ့ QR Code များစွာ ထားဖို့မလိုအပ်တော့ဘဲ MMQR QR Code တစ်ခုတည်းနဲ့ ဘယ်လိုငွေပေးချေမှုမျိုးကိုမဆို လက်ခံနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လက်မှုလုပ်ငန်းတွေရဲ့ ပေးချေမှုတွေကို လွယ်ကူလျင်မြန် စွာဆောင်ရွက်နိုင်ပြီး အီလက်ထရောနစ်နည်းလမ်းနဲ့ ရောင်းဝယ်ရာမှာ လုံခြုံစိတ်ချလွယ်ကူလျင်မြန်စွာ ပေးချေ နိုင်မှာ ဖြစ်ပါတယ်။

Merchant တွေအနေနဲ့ MMQR ကိုစတင်အသုံးပြုမယ်ဆိုရင် အသုံးပြုနေတဲ့၊ သို့မဟုတ် အသုံးပြုချင်တဲ့ဘဏ်၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အရင်ဆုံး ဆက်သွယ်ဖို့ လိုအပ်ပါမယ်။ ပြီးရင်သက်ဆိုင်ရာဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းက MMQR Mer- chant အဖြစ် ပြောင်းလဲဖို့ Onboarding Process လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဦးသီဟ

Deputy Manager - Internet Wallet Myanmar Ltd, OK$

Customer တွေအနေနဲ့ အရောင်းဆိုင် Merchant တွေမှာထားရှိတဲ့ MMQR ကို မိမိအသုံးပြုတဲ့ Mobile Wallet တစ်ခုနဲ့ Scan ဖတ်ပြီး လွယ်လွယ်ကူကူနဲ့ လုံခြုံလျင်မြန်စွာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ Certified MMQR Mobile Wallet ရှိသူတိုင်း အင်တာနက် ရရှိတဲ့နေရာဒေသ၊ အချိန်အခါမရွေး အသုံးပြုနိုင်မှာဖြစ်ပြီး ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်း မှာရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ Certified MMQR Mobile Wallet ရှိရင် MMQR ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MMQR အသုံးပြုပြီး ငွေပေးချေရာမှာ ဝန်ဆောင်မှုမပြတ်တောက်စေဖို့ backup server တွေ၊ နည်းပညာပံ့ပိုးမှုအဖွဲ့တွေကို အဆင်သင့်ထားရှိပြီး backup system တွေလည်း ပြင်ဆင်ထားရှိတဲ့အတွက် သုံးစွဲမှုများပြားတဲ့အချိန် မှာတောင် ကြန့်ကြာမှုမရှိနိုင်ပါဘူး။ MMQR နဲ့ ငွေပေးချေရာမှာအသုံးပြုသူ Customer ဘက်က ကျသင့်ငွေဖြတ်သွားပြီး Merchant က ငွေလက်ခံရရှိမှုမရှိခဲ့ရင် ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူ Customer တွေအနေနဲ့လည်း ငွေပေးချေရာမှာ အမှားအယွင်းမရှိစေဖို့ စိစစ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Newspaper - 3521 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download