MyanmarPay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ်များကို အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည်
MyanmarPay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ်များကို အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည်
Ministry of Information/ Naypyitaw / October 17, 2024

ရန်ကုန် အောက်တိုဘာ ၁၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MyanmarPay (Digital Payment Switch) ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေမှုများနှင့် အဖွဲ့ဝင်များလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ၊ Go-Live သွားမည့် အစီအစဉ်များကို ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၁၅ ရက်က အမှတ် (၂၆) (က)၊ ဆူးလေဘုရားလမ်းနှင့် ဘဏ်လမ်းထောင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆူးလေရုံးခွဲ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ System Operator ဖြစ်သည့် PayPlus Co.,Ltd. ၊ Andaman Capital Partners နှင့် နည်းပညာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် MyanmarPay ၏ Operator ဖြစ်သည့် PayPlus Co.,Ltd . ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆူးလေရုံးခွဲရှိ ရုံးခန်းဖွဲ့စည်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက MyanmarPay (Digital Payment Switch) Project အား ၂၀၂၁ ခုနှစ်မှ စတင်ပြင်ဆင်ခဲ့ပြီး ဆောင်ရွက်ရမည့် Business Model များ၊ Infrastr-ucture များ ညှိနှိုင်းပြင်ဆင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ PayPlus Co.,Ltd. ကို အော်ပရေတာအဖြစ်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာကို Andaman Capital Partners ကိုလည်းကောင်း တာဝန်ပေးအပ်ခဲ့ကြောင်း၊ MyanmarPay (Digital Payment Switch) သည် National Level Project ဖြစ်သည့်အတွက် ပြည်တွင်းသာမက ပြည်ပနှင့်ပါ QR Payment များ ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သဖြင့် ကနဦးကတည်းက ပုံရိပ်ကောင်းမွန်ပြီး အောင်မြင်စေရန်အတွက် အားလုံးအတူတကွ ပါဝင်ရန်လိုအပ်ကြောင်း System တစ်ခုတည်ဆောက်ရန် အချိန်အားဖြင့်လည်းကောင်း၊ ငွေအရင်းအနှီးအားဖြင့်လည်းကောင်း ကျွမ်းကျင်မှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရသဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Payment Strategy နှင့်အညီ ဆောင်ရွက်ရသဖြင့် အချိန်ယူရကြောင်း၊ အဖွဲ့ဝင် Participant များ၏ နည်းပညာနှင့်အညီ ကိုက်ညီစေရန်လည်း စီစဉ်ဆောင်ရွက်ရသဖြင့်လည်း ယခုလို Pilot အခြေအနေအထိ ရောက်ရှိလာသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ MyanmarPay QR ကို အကောင်အထည် ဖော်ပြီးပါက ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုသူများအကြား ငွေပေးချေမှုကို မတူညီ သည့် Payment Platform များနှင့် Model များကို Switching တစ်ခုတည်ဆောက်ပြီး အပြန်အလှန်ပေးချေမှုများ ပေးချေနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်၍ Security ပိုင်း၊ Monitoring ပိုင်း၊ Settle-ment ပိုင်း အားကောင်းရန်လိုအပ်ကြောင်း၊ လက်တွေ့ဆောင်ရွက်မှုများကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေသော KBZ Pay, AYA Pay, OK$, Wave Money တို့မှ ၎င်းတို့၏ Payment Platform များနှင့် Digital Payment Switch ချိတ်ဆက်ဆောင်ရွက်မှုများကို လေ့လာကြည့်ရှုပြီး လိုအပ်သည် များ မှာကြားသည်။
ဝန်ဆောင်မှု အသုံးပြုပုံကို လက်တွေ့ သရုပ်ပြ
MyanmarPay (Digital Payment Switch) ဝန်ဆောင်မှု အသုံးပြုပုံကိုလက်တွေ့ သရုပ်ပြ ရှင်းလင်းခြင်း MyanmarPay Project တွင် ပါဝင်သည့် Pilot Participant များဖြစ်သည့် KBZ Pay, AYA Pay, OK$, Wave Money တို့နှင့် PayPlus Co.,Ltd. မှ တာဝန်ရှိသူများက ပေးချေသူ (Customer) မှ ငွေလက်ခံသူလုပ်ငန်းရှင် (Merchant) သို့ ငွေပေးချေသည်နှင့် တစ်ပြိုင်နက်တည်း Transaction ဝင်ရောက်မှု အား System တွင် တိုက်ရိုက် (Live) ကြည့်ရှုခြင်း၊ ဘဏ်နှင့် Settlement Process များ၊ Merchant Registration ပြုလုပ်ခြင်းအား စမ်းသပ်ခြင်းတို့ကို Test Scenario ကိုးခုဖြင့် သရုပ်ပြ ရှင်းလင်းသည်။
အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်
ဆက်လက်၍ နေ့စဉ်ဆောင်ရွက်ထားသည့် Transact-ion များကို စာရင်းရှင်းလင်းခြင်း (Settlement) ပြုလုပ်မည့် လုပ်ငန်းစဉ်များကိုတင်ပြသည်။ MyanmarPay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ်များကို Production Testing ကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်တွင် Dummy Merchant များ၊ ဒုတိယအဆင့်တွင် Friendly Merchant များဖြင့် စမ်းဆောင်ရွက်မည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် အများပြည်သူများစတင် အသုံးပြုနိုင်ရေး (Go-Live) ကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် Go-Live ကို လာမည့် ဒီဇင်ဘာလတွင် လျာထားကြောင်း တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက MyanmarPay (Digital Payment Switch) Project အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ PayPlus Co.,Ltd.၊ Technical Consultant များနှင့် Go-Live အား သတ်မှတ်ထားသည့် ကာလအတွင်း ဆောင်ရွက်နိုင်ရေးနှင့် Code of Conduct နှင့် Policy Guideline များ အမြန်ဆုံးထုတ်ပြန်နိုင်ရေးကို ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် MyanmarPay (Digital Payment Switch) ၏ Investment Scheme နှင့်ပတ်သက်၍လည်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ System Operator ဖြစ်သည့် PayPlus Co.,Ltd.၊ Andaman Capital Partners များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3225 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။
