Napalkov Cancer Centre မှ ပါမောက္ခ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကောင်းမွန်သည့်ကုထုံးများနှင့်စပ်လျဉ်း၍ ဆွေးနွေး


Ministry of Information/ Naypyitaw / October 16, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ Dr. Moiseyenko နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြီး အရိုးရောဂါကုဌာန၊ အထွေထွေခွဲစိတ်ကုဌာန၊ သွေးရောဂါအထူးကုဌာနများမှ ကင်ဆာဝေဒနာရှင်လေးဦးကို ကြည့်ရှုစစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ အထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။

ယင်းနောက် သွေးရောဂါအထူးကုဌာနရှိ သွေးကင်ဆာခံစားနေရသော လူနာများ၏ ကျန်းမာရေးစစ်ဆေးမှုများကို ကြည့်ရှု၍ လိုအပ်သည့် ကုသနည်းများကို ပူးပေါင်းဆွေးနွေးကြသည်။

ထို့နောက် ခြင်ဆီအစားထိုးဌာန (Bone marrow transplant center) သို့ သွားရောက်၍ အောင်မြင်စွာ ခြင်ဆီအစားထိုးကုသပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည့် လူနာများနှင့် ခြင်ဆီအစားထိုးကုသရန် လျာထားသော လူနာများအကြောင်းနှင့်ပတ်သက်၍ သွေးကင်ဆာကုသနည်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်၍ အစည်းအဝေးခန်းမတွင် Profe-ssor Dr. Moiseyenko က “Cancer and Age: How Aging Mechanisms Relate to Oncological Diseases” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ ဆေးတက္ကသိုလ် ၁ ရန်ကုန်နှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူး(ကင်ဆာဆေးကု)၊ ပါမောက္ခ/ဌာနမှူး (ဓာတ်ရောင်ခြည်) ၊ ပါမောက္ခ/ဌာနကြီးမှူး(ဆေး လက်တွေ့)နှင့် တက်ရောက်လာသူများက အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) မင်္ဂလာဒုံ၊ (ခုတင် ၅၀၀)အထူးကုဆေးရုံကြီးနှင့် အထွေထွေ ရောဂါကုဆေးရုံသစ်ကြီးများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး/ငယ်များ၊ လက်ထောက်အထူးကုများနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း ၁၂၀ တက်ရောက်၍ နှစ်နိုင်ငံအကြား ကင်ဆာရောဂါဆိုင်ရာ ဆေးပညာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3319 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download