Networking Basic (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Networking Basic (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / March 04, 2026
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(နည်းပညာ)မှ ကြီးမှူးဖွင့်လှစ်သည့် Networking Basic (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ဤရုံးမှ အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများတွင် နည်းပညာဖြင့် ပံ့ပိုးဆောင်ရွက်ရန် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားစေရန်၊ ပြောင်းလဲတိုးတက်နေသော နည်းပညာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ နည်းပညာဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ဒေသစာရင်းစစ်ရုံးအသီးသီးမှ ဝန်ထမ်းများတက်ရောက်နိုင်စေရန် Online ဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများသည် သတင်းအချက်အလက်နည်းပညာအပေါ် မူတည်လာပြီး Network စနစ်များသည် အဖွဲ့အစည်းတစ်ခုလုံး၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ချိတ်ဆက် ပေးသော အရေးပါသည့်အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ပြင် အချက်အလက် များမျှဝေခြင်း၊ စနစ်များပူးပေါင်းအသုံးပြုခြင်းနှင့် လုံခြုံစိတ်ချရသောဆက်သွယ်ရေးစနစ်များ တည်ဆောက်ခြင်းတို့အတွက် Networking သည်မရှိမဖြစ်လိုအပ်သည့်ပညာရပ်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နည်းပညာဆိုင်ရာအခြေခံကွန်ယက်သဘောတရားများ၊ Network တည်ဆောက်ပုံများ၊ စက်ပစ္စည်းအသုံးပြုပုံ များနှင့်လုံခြုံရေးဆိုင်ရာအခြေခံအသိပညာများကို သင်ကြားပို့ချသွားမည်ဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ရရှိလာမည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို လက်တွေ့တွင်ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကိုလိုက်နာကြရန်၊ ရှောင်ကြဉ်သင့်သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရန် အထူးအရေးကြီးကြောင်းနှင့် သင်တန်းမှရရှိခဲ့သည့် ပညာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချနိုင်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ဒေသစာရင်းစစ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား (၄၀) ဦး တက်ရောက်မည်ဖြစ်ပြီး ၂၃-၂-၂၀၂၆ ရက်နေ့မှ ၄-၃-၂၀၂၆ ရက်နေ့အထိ (၇) ရက်ကြာ Online ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိက များက ပုလဲခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်း စစ်ရုံးတို့မှတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများက Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
