Peace Forum 2025 သည် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်


Ministry of Information/ Naypyitaw / June 25, 2025
image_latest


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)

ကမ္ဘာစစ်ကြီးများ၏ အနိဋ္ဌာရုံများကို ခံစားကြရပြီးနောက် စစ်ပွဲများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုဖော်ဆောင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကိုရေးဆွဲ၍ ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပါသည်။ ယင်းပဋိညာဉ်စာတမ်းပါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပြေလည်ကျေအေးအောင်ဆောင်ရွက်ရန်ဟု ဖော်ပြထားသကဲ့သို့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်းတွင်လည်း လူမှုရေးတိုးတက်ရေးနှင့် လူ့ဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၁၆အရ နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ပဋိပက္ခအတွင်း ငြိမ်းချမ်းမှုမရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများသည် ဆင်းရဲနွမ်းပါးမှုတာရှည်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းများဖြစ်ပေါ်ပြီး လူသားဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ ခွဲခြား၍မရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အခိုင်အမာယုံကြည်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ပဋိပက္ခများလျော့နည်း ပပျောက်စေရုံသာမက အပြန်အလှန် စာနာနားလည်မှုတည်ဆောက်ခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်နိုင်ခြင်း၊ မတူကွဲပြားမှုများကို လေးစားခြင်းနှင့် တရားဥပဒေအရ တန်းတူအခွင့်အရေးရရှိခြင်း စသည့်အခွင့်အရေးများ ရရှိခံစားရခြင်းပင်ဖြစ်သည်။

Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက် ပါဝင်ပတ်သက်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများပါဝင်ကြကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်။

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့် မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဖော်ပြအပ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်

Newspaper - 3239 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download