TTTC (ဘယ်လင်း) ၌ နည်းပညာစွမ်းရည်နှင့် တီထွင်ဆန်းသစ်မှုပရောဂျက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
TTTC (ဘယ်လင်း) ၌ နည်းပညာစွမ်းရည်နှင့် တီထွင်ဆန်းသစ်မှုပရောဂျက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / March 04, 2025

နေပြည်တော် မတ် ၃
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC (ဘယ်လင်း) ၌ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ၊ Grassroot Project နှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ဆရာများ အရည်အသွေးပြည့်မီမှ နိုင်ငံတော်က အမှန်တကယ် အားထားရမည့် နည်းပညာရှင်လူငယ်များကို ပျိုးထောင်ပေးနိုင်မည်ဖြစ်ရာ ဆရာများသည် နည်းပညာစွမ်းရည်များနှင့် တီထွင်ဆန်းသစ်နိုင်မှုစွမ်းရည်များ စဉ်ဆက်မပြတ် ပြည့်မီအောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်နိုင်မှုပရောဂျက်များမှ ရလဒ်များကို ပြင်ပ MSME စက်မှုလုပ်ငန်းရှင်များထံ နည်းပညာများကို လွှဲပြောင်းပံ့ပိုးပေးနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသူအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ ပြိုင်ပွဲဝင်ပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် အင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ် ခုနစ်ခုဖြင့် ပြိုင်ပွဲဝင် ၈၇ ဦး၊ Innovation Project ပြိုင်ပွဲတွင် အင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ် ၁၀ ခုဖြင့် ပြိုင်ပွဲဝင်သူ ၂၀ ၊ Grassroot Project ပြိုင်ပွဲ တွင် အင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ် ၁၀ ခုဖြင့် ပြိုင်ပွဲဝင် ၁၈ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေါင်း ၄၇ ဆုအတွက် ဆုချီးမြှင့်ငွေကျပ် ၁၄၈ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3095 items

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၂၆ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download