News

Latest News - 75328 items

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပမှုများ MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်မည်

Ministry of Information / Posted on April 11, 2024

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ဆက်မည်ဖြစ်ရာ ထိုသို့တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်များနှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့တွင် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Ministry of Information / Posted on April 11, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း-၃ (AIPT3) တို့မှ သင်္ဘောငါးစင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၇၄၅၀၀ ကို တင်ပို့ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information / Posted on April 11, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားများ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပ

Ministry of Information / Posted on April 11, 2024

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနား တက်ရောက်

Ministry of Information / Posted on April 11, 2024

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ်စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်

Ministry of Information / Posted on April 11, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဝန်ကြီးရုံးသည် ဝန်ကြီးဌာနပုံရိပ်ကောင်းမွန်အောင် ရှေ့မှဦးဆောင်တာဝန်ထမ်းဆောင်နေရသည့်အတွက် ဝန်ကြီးရုံးဝန်ထမ်းများသည် အရည်အသွေးထူးချွန်ထက်မြက်ပြီး အမှားအယွင်းမရှိ၊ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းနေရမည်

Ministry of Information / Posted on April 11, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on April 11, 2024

နေ့စဉ်မိုးလေဝသသတင်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Ministry of Information / Posted on April 11, 2024

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၂/ ၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

Ministry of Information / Posted on April 11, 2024

အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ-၂ ၌ ကျင်းပရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။

HOT NEWS
January 4,