News
Latest News - 86402 items
Ministry of Information / Posted on January 24, 2025
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပသည်။
Ministry of Information / Posted on January 24, 2025
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၅)ကို ဇန်နဝါရီ ၈ ရက်မှ မတ် ၂၈ ရက်အထိ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပို့ချလျက်ရှိသည်။
Ministry of Transport and Communications / Posted on January 24, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on January 24, 2025
ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း အောင်မြင်စွာခင်းကျင်းပြသနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on January 24, 2025
“လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက Online ဖြင့် တက်ရောက်ကြသည်။
Ministry of Information / Posted on January 24, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲစာရင်းတွင်ပါဝင်ရမည့် လူဦးရေစာရင်းများပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on January 24, 2025
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုဆရီဆတီယာဟာဂျီအယ်ရီ ဝမ်ဘင်ပီဟင်ယူဆွတ်၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ဇန်နဝါရီ ၂၂ ရက်မှ၂၃ ရက်အထိ တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည်။
Ministry of Information / Posted on January 24, 2025
ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးက ဦးစီးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိတ်ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။
Ministry of Information / Posted on January 24, 2025
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Ministry of Information / Posted on January 24, 2025
မကြာမီရောက်ရှိတော့မည့် ဇန်နဝါရီ ၂၉ ရက်နေ့သည် တရုတ်ရိုးရာပြက္ခဒိန်အရ နဂါးနှစ်မှမြွေနှစ်သို့ ကူးပြောင်းသည့် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ယခုနှစ်မှစတင်ကာ တရားဝင်သတ်မှတ် လိုက်ပြီဖြစ်သည့် အစိုးရရုံးပိတ်ရက်လည်းဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်သည် တရုတ်နှင့်မြန်မာတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စိန်ရတုကာလကျရောက်သည့်နှစ်ပင်ဖြစ်သည်။ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်မှု ကီလိုမီတာနှစ်ထောင်ကျော် ရှည်လျားသကဲ့သို့ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုလည်း နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောအိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သကဲ့သို့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရေးကြီးသည့်နိုင်ငံလည်းဖြစ်သည်။
Newspaper - 3055 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download