Latest News - 75177 items

ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

Ministry of Information / Posted on April 30, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

Ministry of Information / Posted on April 30, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိသည်။

လူရည်ချွန်စခန်းအသီးသီးမှ လူရည်ချွန်ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ ယွန်းပညာကောလိပ် (ပုဂံ)၊ ရွှေသောင်ယံမြို့ SeaLake အပန်းဖြေစခန်းများနှင့် အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများသို့ အသီးသီးသွားရောက်လေ့လာ

Ministry of Information / Posted on April 30, 2024

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး၊ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် ပုဂံနန်းတော်ရာနှင့် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

Ministry of Information / Posted on April 30, 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ကြည်ညိုဖူးမျှော် အောင်တော်မူစေတီတော်

Ministry of Information / Posted on April 30, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် မြို့ကျက်သရေဆောင် စေတီတော်ကြီးတစ်ဆူ ပေါ်ထွန်းလာစေရန်အတွက် နေမိန္ဓရ ကုန်းတော်ပေါ်တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့် အောင်တော်မူစေတီတော်မြတ်ကြီးအား တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရွှေစင်တိပိဋက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၊ မိုင်းဖုန်း ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ၊ တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် သာသနဓဇဓမ္မာစရိယ သဓ္ဓမ္မဇောတ်ကဓဇ ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများ ဦးဆောင်ဦးရွက်ပြုကာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ၏ ပါဝင်လှူဒါန်း ကုသိုလ်ပြုမှုတို့ဖြင့် တည်ထားနိုင်ခဲ့ပြီဖြစ်သည်။

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Ministry of Information / Posted on April 30, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့တန်ချိန် ၉၂၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တင်ပို့ခဲ့သည်။

သံတွဲမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

Ministry of Information / Posted on April 30, 2024

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ဧပြီ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ရွှေလှေကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

Ministry of Information / Posted on April 30, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

Newspaper - 2741 items

၁၃၈၀ ပြည့်နှစ်၊ နယုန်လကွယ်နေ့ ၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 32

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၁၂ ရက်၊ တနင်္လာနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 32

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ တနင်္လာနေ့၊ (၁၁-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ တနင်္ဂနွေနေ့၊ (၁၀-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၉ ရက်၊ စနေနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 48

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ စနေနေ့၊ (၉-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့၊ (၈-၄-၂၀၁၈)


Publisher: ကြေးမုံ (The Mirror)/ August 22, 2018

Publication Date: 2018

Page: 40

Language: Myanmar

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ စနေနေ့၊ (၇-၄-၂၀၁၈)


Publisher: ကြေးမုံ (The Mirror)/ August 22, 2018

Publication Date: 2018

Page: 40

Language: Myanmar

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ သောကြာနေ့၊ (၆-၄-၂၀၁၈)


Publisher: ကြေးမုံ (The Mirror)/ August 22, 2018

Publication Date: 2018

Page: 40

Language: Myanmar

Times of Myanmar


Publisher: times/ June 30, 2018

Publication Date: 2018

Page: 12

Language: Burmese