သတင်းများ



နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရွှေတိဂုံစေတီတော် ဖူးမြော်ကြည်ညို၍ မြန်မာ - နီပေါ ချစ်ကြည်ရေး လုမ္ဗိနီဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

Posted on October 19, 2019

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရပ်ကွက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရမှ နီပေါနိုင်ငံ လုမ္ဗိနီပြတိုက်၌ အပူဇော်ခံထားရှိမည့် မုဒြာမျိုးစုံဗုဒ္ဓရုပ်ပွားတော်အဆူ ၃၀ အား လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုသည်။

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အသက်(၁၆)နှစ်အောက် ခရစ်ကက်ပြိုင်ပွဲ၊ (၄)ကြိမ်မြောက် အာဆီယံဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲနှင့် တရုတ်-အာဆီယံ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား တွေ့ဆုံ

Posted on October 19, 2019

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် အောက်တိုဘာ(၂၂)ရက် မှ နိုဝင်ဘာ(၂၉)ရက်အထိ ကျင်းပမည့် အသက် (၁၆)နှစ် အောက် ခရစ်ကက်ပြိုင်ပွဲ၊ အောက်တိုဘာ(၂၄)ရက်မှ နိုဝင်ဘာ(၄)ရက်အထိ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ကျင်းပမည့် (၄)ကြိမ်မြောက် အာဆီယံဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲ နှင့် အောက်တိုဘာ(၂၅)ရက်မှ (၂၇)ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Posted on October 19, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်း-ရွှေဘို လမ်း အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။


သတင်းစာများ



    • ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၆)ရက်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2019
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2019
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ ။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2019
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download