စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်
Latest News - 85063 items
Ministry of Transport and Communications / Posted on December 21, 2024
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်
Kayin State Government / Posted on December 21, 2024
ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Ministry of Transport and Communications / Posted on December 21, 2024
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Ministry of Information / Posted on December 21, 2024
AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ တွင်
Ministry of Transport and Communications / Posted on December 21, 2024
နေ့စဉ်မြစ်ရေခန့်မှန်းချက်
Ministry of Information / Posted on December 21, 2024
ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / October 05, 2024
၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) ဖြင့် ၂၄-၅-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှစတင်၍ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
၂။ မူလလက်ရာရှင်၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တစ်ဦးဦးသည် စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးရရှိကြောင်း ခိုင်လုံသောသက်သေအထောက်အထားရရှိရန် မှတ်ပုံတင်လိုပါက သတ်မှတ်လျှောက်လွှာပုံစံများဖြင့် မှတ်ပုံတင် အရာရှိ၊ မူပိုင်ခွင့်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါသည်။
၃။ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ်-၀၆၇-၄၃၀၅၉၄ (မူပိုင်ခွင့်ဦးစီးဌာန) သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။