နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ ကျေးရွာ (၁၃)အုပ်စုမှ ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာခေါ်ယူခြင်း

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ ကျေးရွာ (၁၃)အုပ်စုမှ ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / September 19, 2024
image_latest


ပုဗ္ဗသီရိ စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ကျေးရွာ (၁၃)အုပ်စု၊ လူနေအိမ် (၆၀၉၁)အိမ်၊ ‌ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် ရွာသစ်ကျေးရွာ၊ ရန်အောင်မြင်ကျောင်းဆရာတော် ဦးစန္ဒိမာထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးရှောင်ပြည်သူများအတွက် လိုအပ်သည်များကို မေးမြန်းလျှောက်ထားခဲ့သည်။ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေအား နေပြည်တော်ကောင်စီဝင် ဦးမင်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းပြီး ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ (၁၃)အုပ်စုရှိ ‌ရေဘေးရှောင်စခန်း (၁၄)ခုသို့ သွားရောက်၍ အိမ်ထောင်စု (၈၄၉)စု၊ လူနေအိမ် (၆၀၉၁)အိမ်ရှိ လူဦးရေ (၂၅၂၃)ဦးတို့အတွက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ ကျပ် (၅၂၉၈၃၀၀)တို့အား ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။

အလားတူပင် မရှိခဏဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာခေါ်ယူခြင်း


Ministry of Electric Power/ location / September 18, 2024