အသိပေးကြေညာချက်

Latest News - 88740 items

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်း

Ministry of Information / Posted on March 13, 2025

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများအနက် ဦးရေ ၂ ဒသမ ၅ သန်းပြည့်မြောက်သည့် ဘုရားဖူးလာပြည်သူအား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်

Ministry of Information / Posted on March 13, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယခင်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။

မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိ

Ministry of Information / Posted on March 13, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁၂ ရက် ညနေပိုင်းက စတင်ပြီးရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိ၊ လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်

Ministry of Information / Posted on March 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်နှင့် (၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

Ministry of Information / Posted on March 13, 2025

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အသီးသီးမှ ပါမောက္ခ/ ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ကျောင်းပိုင်ဆရာတော်၊ ဆရာကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၄၅၀ ဦးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၇၀ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

Ministry of Information / Posted on March 13, 2025

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Posted on Mar 13, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Posted on Mar 08, 2025

အသိပေးကြေညာချက်


Ministry of Transport and Communications/ Naypyitaw / February 06, 2025
image


၁။         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနသည် “ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ (၂၀၁၆)”အရ ခွင့်ပြုထုတ်ပေးလျက်ရှိသည့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လုပ်ငန်းဆောင်ရွက်သူ ပြည်သူလူထုအနေဖြင့် အချိန်ကုန်သက်သာစွာနှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်စေရေး Online ကွန်ပျူတာစနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။          ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း လိုင်စင်ဆိုင်ရာကိစ္စရပ်များအနက် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့်ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်း”တို့ကို ၁၀.၂.၂၀၂၅ ရက်နေ့မှ စ၍ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁.၄.၂၀၂၅ ရက်နေ့မှစတင်၍ Online ကွန်ပျူတာစနစ်အသုံးပြုကာ အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။

၃။         အသေးစိတ်အချက်အလက်များအား www.dotp.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။

Download
HOT NEWS
January 4,