“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”


Ministry of Information/ Naypyitaw / November 04, 2019


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၄၁ / ၂၀၁၉

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း  ၈  ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ  ၄  ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

၁။           မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ကို ဤရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။       “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့အထိ ပေးပို့ တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက အောက်ပါအတိုင်း ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်-

စဉ်

သတင်းလက်ခံရရှိမှု

ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာ၊ တောင်ပေါ်ဖိုးခန်းများတွင် လူဦးရေ (၅၀)ခန့်သည် စျေးတန်းကြီးသဖွယ် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၇-၁၀-၂၀၁၉ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာ၊ နမ့်မှော်တောင်ပေါ်သွား လမ်းဘေးနေ ဖိုးထူး() ကျော်ဇင်လတ် (၄၁)နှစ်၊ ()ဦးကျော်လွင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူများ၊ 88/1စာတန်းပါ စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ဖားကန့်) မယ()၂၂၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

 

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘော ကျေးရွာနေ ဝင်းထွန်းသည် မူးယစ်ဆေးဝါး များ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၃၀-၁၀-၂၀၁၉ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပင်းဘော ကျေးရွာနေ ဝင်းထွန်း()ဖိုးဝ(၄၇)နှစ်၊ ()ဦးမောင်ညို၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(ပင်းဘော)မယ()၁၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆()/ ၂၀(က)ဖြင့်အမှုဖွင့် အရေးယူထားရှိ ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဟင်သော်ကျေးရွာနေ ရာဇာအောင်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၇-၁၀-၂၀၁၉ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဟင်သော် ကျေးရွာနေ ရာဇာအောင်(၃၉)နှစ်၊ (ဘ)ဦးညွန့်အောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ကန့်ဘလူ)မယ(ပ)၁၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်အမှုဖွင့် အရေးယူထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နန့်သာကျေးရွာအုပ်စု၊ ဝှေစံအောင်ရွှေမှော်နေ ကြည်ညွန့်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၉-၁၀-၂၀၁၉ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ နန့်သာ ကျေးရွာအုပ်စု၊ ဝှေစံအောင်ရွှေမှော်နေ ကြည်ညွန့်(၃၉)နှစ်၊ (ဘ) ဦးဖေဆိုင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဘိန်း များနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(မိုင်းကိုင်း)မယ(ပ) ၈၅/၂၀၁၉၊မူး/စိတ်ပုဒ်မ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာနေ မိုးထွန်းသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၃၀-၁၀-၂၀၁၉ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်း ကျေးရွာနေ မိုးထွန်း(၃၈)နှစ်၊ ()ဦးပိုလေး၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြား များနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ထီးချိုင့်)မယ()၅၂/ ၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားရှိ ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်း၊ သမ္ဗန် ဆိပ်အနီးတွင် လူငယ်များမူးယစ်ဆေးဝါး သုံးစွဲ/ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၂၉-၁၀-၂၀၁၉ရက်နေ့တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်း၊ သမ္ဗန်ဆိပ်အနီး လူနေထိုင်ခြင်းမရှိသည့် ဆောက်လက်စတိုက်ခန်း၌ ၎င်းရပ်ကွက်၊ သစ္စာနွယ်လမ်းနေ အောင်ကိုလင်း(၁၉)နှစ်၊ (ဘ)ဦးကိုလင်း၊ ယုဇန(၁)လမ်းနေ အောင်ဖြိုးကျော်(၂၂)နှစ်၊ (ဘ)ဦးမောင်ကျော်နှင့် ပန်းဘဲတန်း မြို့နယ်၊ (၇)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနေ ဝင်းညီညီဇင် (၁၉)နှစ်၊ (ဘ)ဦးဇော်ဝင်းတို့(၃)ဦးအား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ဒေါပုံ) မယ(ပ)၄၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၆(ဂ)/၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ လဲမားကျေးရွာနေ စောအောင်၊ မောင်ဘွားမျိုးနိုင်တို့သည် မူးယစ်ဆေးဝါးများဖြန့်ဖြူး ရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၂၇-၁၀-၂၀၁၉ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ လဲမား ကျေးရွာနေ စောအောင်()စိုးအောင်(၄၀)နှစ်၊() ဦးဘိုဦး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ရပ်စောက်)မယ()၅၅/၂၀၁၉၊ မူး/စိတ် ပုဒ်မ၁၉(က)ဖြင့် လည်းကောင်း၊ ဆက်လက်၍ ၎င်း ကျေးရွာနေ မောင်ဘွား (၄၄)နှစ်၊ ()ဦးဘိုဦး၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီး ရမိသဖြင့် မမစ(ရပ်စောက်) မယ()၅၆/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ အလားတူ ၎င်းကျေးရွာနေ မျိုးနိုင် ()နိုင်လင်း(၂၉)နှစ်၊()ဦးပေါရာ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ WYစာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ရပ်စောက်)မယ()၅၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၆()ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်၊ ဥတ္တံတားရပ်ကွက်နေ သက်ပိုင်ဦး သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၂၇-၁၀-၂၀၁၉ ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ဥတ္တံတား ရပ်ကွက်နေ သက်ပိုင်ဦး(၂၄)နှစ်၊(ဘ)ဦးခင်မောင်အေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WYစာတန်းပါ စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ရပ်စောက်) မယ()၅၈/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ကွန်းချောင်းကျေးရွာနေ လှမျိုးအောင်နှင့် ခွေးဟောင်တုံးကျေးရွာနေ ဇော်မင်းထိုက် တို့သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၈-၁၀-၂၀၁၉ရက်နေ့တွင် မဘိမ်းမြို့နယ်၊ ဆိပ်ပင်အိုက် ကျေးရွာတောအတွင်း၌ ကွန်းချောင်းကျေးရွာနေ လှမျိုးအောင် (၄၀)နှစ်၊ ()ဦးကြည်မောင်အား WYစာတန်းပါ စိတ်ကြွ ဆေးပြားများ၊ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(မဘိမ်း) မယ()၈၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း၊ ဆက်လက်၍ ခွေးဟောင်တုံး ကျေးရွာ နေ ဇော်မင်းထိုက်(၄၁)နှစ်၊ ()ဦးပေါက်ဒီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွဆေးပြား များနှင့်အတူဖမ်းဆီးရမိသဖြင့် မမစ(မဘိမ်း) မယ()၈၇/ ၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားရှိ ပါသည်။

 

၃။      တိုင်ကြားလာသော သတင်းများအနက် အထက်ဖော်ပြပါ ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီး ရမိမှုအပါအဝင် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်  ၂၆-၆-၂၀၁၈ ရက်နေ့မှ ၂-၁၁-၂၀၁၉ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း (၈၂၅) မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံကျား (၁၀၆၉)ဦး၊ မ(၂၀၃)ဦး၊ ပေါင်း(၁၂၇၂)ဦး ဖမ်းဆီးရမိခဲ့၍ ဘိန်းဖြူ(၇၀၅၆.၆၈၉၄)ဂရမ်၊ ICE (၁၃၄၁.၉၂)ဂရမ်၊ ဘိန်း(၃၉၉၉၉.၆၁)ဂရမ်၊ အဆင့်နိမ့်ဘိန်း(၃၂၉.)ဂရမ်၊ ဘိန်းစာမှုန့် (၅၂၉၃၄.၉၂) ဂရမ်၊ ဘိန်းစာရွက်(၇၈၃၃.၁၉)ဂရမ်၊ ဘိန်းစာရည်(.)လီတာ၊ စိတ်ကြွဆေးပြား(၃၉၄၅၀၆)ပြား၊ ဆေးခြောက် (၈၃၆၃.၂၂)ဂရမ်၊ ဘိန်းရည်(.)လီတာ၊ ဘိန်းဆီခဲ(၅၁၃.၂၆)ဂရမ်၊ ဘိန်းစေ့(၆၀)ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့်(၂၉.၁၅)ဂရမ်၊ Ecstasyအကြေ(.၀၀၁)ဂရမ်၊ လက်နက်မျိုးစုံ(၁၈)လက်၊ ကျည်မျိုးစုံ(၂၅၇)တောင့်၊ လက်ပစ်ဗုံး()လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်၍ ဖော်ထုတ် ဖမ်းဆီးအရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်မှု အခြေအနေအား ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ပါသည်။

၄။      မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့်ကြီးမားသည့် မူးယစ် ဆေးဝါးရောင်း/ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ “မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန” အောက်ဖော်ပြပါ တယ်လီဖုန်း/ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်-

ဆက်သွယ်ရန်-

အော်တိုတယ်လီဖုန်းနံပါတ်    -        ၀၆၇-၅၉၀၂၀၀

ဖက်စ်ဖုန်းနံပါတ်                  -        ၀၆၇-၅၉၀၂၃၃

အီးမေးလ်လိပ်စာ                -        antinarcotics@presidentoffice.gov.mm