Latest News - 78591 items

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ဝ၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

Ministry of Information / Posted on July 16, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

Ministry of Information / Posted on July 16, 2024

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် သရက်တောရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများသည် ကြာနီကန်ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဝင်း အတွင်းရှိဓမ္မာရုံ၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ဂန့်ဂေါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

Ministry of Information / Posted on July 16, 2024

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လာပို့ကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အားလက်ခံတွေ့ဆုံ

Ministry of Information / Posted on July 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း

Ministry of Cooperatives and Rural Development / Posted on July 16, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စတင်ဆောင်ရွက်

Ministry of Cooperatives and Rural Development / Posted on July 16, 2024

ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စတင်ဆောင်ရွက်

မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်း(၁)စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

Ministry of Cooperatives and Rural Development / Posted on July 16, 2024

မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်း(၁)စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

Ministry of Cooperatives and Rural Development / Posted on July 16, 2024

ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ဇဗ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

Ministry of Cooperatives and Rural Development / Posted on July 16, 2024

ဇဗ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်