“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း - “င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Visa On Arrival (Tourist)
Ministry of Immigration & Population / October 30, 2024
ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်ရှိသူများ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric တို့ကိုကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါသော Unique ID နံပါတ်တစ်ခုစီသတ်မှတ်...
Ministry of Immigration & Population / October 01, 2024
Applying for entrance to Training School for Development of Nationalities Youths from Border Areas Basic requirements for service
Ministry of Border Affairs / September 03, 2024
Applying for entrance to Vocational Training School of Domestic Science for Women Basic requirements for service
Ministry of Border Affairs / September 02, 2024
“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Ministry of Transport and Communications / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -
(၁) အသက် (၂၃)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့)ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့် ရသူများဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ”ယာဉ်မောင်း လိုင်စင် (၅)နှစ် (သို့မဟုတ်)“ဃ”ယာဉ်မောင်း လိုင်စင် (၂)နှစ်(သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်း နှင့်“ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်းတစ် ဆက်တည်း(၅)နှစ်ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်များ ဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏“ခ”ယာဉ် မောင်းလိုင်စင်(သို့မဟုတ်) “ဃ” ယာဉ်မောင်းလိုင်စင် ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင် ပြောင်းလဲရရှိပြီးမှ ရယူရမည်။
ဝန်ဆောင်ခ
ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်
လိုအပ်သော စာရွက်စာတမ်းများ
- “ခ” (သို့) “ဃ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ
- QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြ နိုင်သည်။
လျှောက်ထားရန် အဆင့်များ
အနည်းဆုံး (၃) ရက်မှအများဆုံး (၃၀) ရက်အထိ ကြိုတင်ရ ယူနိုင်ပါသည်။
အဆင့်(၁)
- Google Chrome Browser မှတဆင့် www.rtad.gov.mm website ကိုဝင်ပါ။
- ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန်၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။
- Online Appointment Application Form ပေါ်လာမည်။
အဆင့်(၂)
- လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။
- လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့် လိုင်စင်အမျိုးအစား တစ်ခု ကိုရွေးချယ်ပါ။
- စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့်(၃)
- မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။
- လာရောက်မည့်အချိန်ရွေးချယ်ရန် တွင် လာရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခု ရွေးချယ်ပါ။
အဆင့်(၄)
- လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိယာဉ် မောင်းလိုင်စင်အမှတ်ကို ရိုက်ထည့်ရန်။
- လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိ ယာဉ်မောင်းလိုင်စင် နောက်ဘက်တွင်ရှိ သည့်ကဒ်အမှတ်၏ရှေ.ရှိ ရုံးသင်္ကတ အလိုက် ရုံးအမည်ကို ရွေးချယ်ရန်။
စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့် (၅)
- စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင် ပါသည်။အချက်အလက်များစီစစ်၍ လျှောက် ထားပါစာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
- စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစီစစ်၍ ပြန်လည်ရွေးချယ်ပါ စာတမ်း ပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
အဆင့် (၆)
- လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊အဖအမည်၊မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများပေါ်လာမည်။
အဆင့်(၇)
- သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်းအမည် စာရင်းရွေးချယ်ရမည်။
- အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက် ရမည်။
- ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
- I’m not a Robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။ Verify လုပ်ပါ။
- လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
- ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လည်ပါမည်။
Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။ Downlod ရရှိ သည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။
ဆက်သွယ်ရမည့် လိပ်စာ
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(မြင်သာ၊ကညန)၊ သံသုမာလမ်း၊မြင်သာ၊ သင်္ဃန်းကျွန်းမြို့နယ်။ဖုန်း၊ ၀၁-၅၇၀၉၆၇
ဖြည့်စွက်ချက်
Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။