ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း လေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင် အသုံးပြုခွင့် online မှတစ်ဆင့်လျှောက်ထားခြင်း
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း
Ministry of Transport and Communications / July 26, 2024
ဆက်သွယ်ရေးဥပဒေ အခန်း ၇၊ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင်- အထူး (Individual) ရရှိသူများနှင့် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးနံပါတ်အရင်းမြစ်များကို လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုသူများအနေဖြင့် အောက်ပါစာရွက်စာတမ်းများနှင့်အတူ “ညွှန်ကြားရေးမှူး ချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်” သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် တင်ပြရမည့်အချက် အလက်များ-
၁) လိုင်စင်ရရှိသူမှ ခန့်အပ်ထားသော တာဝန်ရှိသူကိုယ်စားလှယ်၏ အမည်နှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ကိုယ်စားလှယ်လျှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့် ရက်စွဲပါရှိသော ကိုယ်စားလှယ်လွှဲစာ၊
၂) သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၏အသေးစိတ်အချက်အလက်များ၊
၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့် အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေး နံပါတ်အတွဲများ သို့မဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊
၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ၊ ဆက်သွယ်ရေးနံပါတ်အတွဲ၊ ဖြစ်နိုင် လျှင် ဒုတိယနှင့်တတိယဦးစားပေးနံပါတ်သင်္ကေတနှင့်ဆက်သွယ်ရေးနံပါတ်အတွဲ၊
(၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကို အသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း အမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် ယင်းဝန်ဆောင်မှုလုပ်ငန်း အတွက် အဆိုပြုဝန်ဆောင်ခနှုန်းထား၊
၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေး နံပါတ်များအား အသုံးပြုမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှု ခန့်မှန်းချက်၊
၇) လိုင်စင်ရရှိသူအသုံးပြုမည့်နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ် တည်ဆောက်ပုံ အကျဉ်းချုပ်။
FAQs
လေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင် အသုံးပြုခွင့် online မှတစ်ဆင့်လျှောက်ထားခြင်း
Ministry of Transport and Communications / July 26, 2024