ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း


Yangon Region Government / September 29, 2021

ရန်ကုန်တိုင်းအတွင်းရှိ တည်းခိုခန်းလုပ်ငန်းတိုင်း၊ Online မှ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရပါမည်။

 

၁။ ရည်ရွယ်ချက်

Online မှ စာရင်းပေးသွင်းရခြင်း၏ ရည်ရွယ်ချက်များမှာ

  • (၁) မလိုလားအပ်သော လူနေမှုပြဿနာများကို သက်ဆိုင်ရာက တရားဝင်ဖြေရှင်းပေးနိုင်ရန် ။
  • (၂) ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Online ဝန်ဆောင်မှုများကို အနာဂါတ်တွင် အသုံးပြုနိုင်ရန်။
  • (၃) တည်းခိုခန်းနှင့် လုပ်ငန်းရှင်၏ Uptodate အချက်အလက်များကို ရရှိနိုင်ရန်။

 

၂။ Online မှ စာရင်းပေးသွင်းနည်း

(က) Online မှစာရင်းပေးသွင်းရန် အင်တာနက်ချိတ်ဆက်ထားသော Mobile Phone မှလည်းကောင်း၊ Computer ဖြင့်လည်းကောင်း လျှောက်လွှာပေးပို့နိုင်ပါသည်။
(ခ) လျှောက်လွှာမပေးပို့မီ၊ အောက်ပါအချက်အလက်များကို ကြိုတင်ပြင်ဆင်ထားပါ။
  • (၁) တည်းခိုခန်း အမည်
  • (၂) တည်းခိုခန်း လိပ်စာ
  • (၃) အခန်းအရေအတွက်
  • (၄) စုစုပေါင်း တည်းခိုနိုင်သူဦးရေ
  • (၅) မြို့နယ်
  • (၆) လုပ်ငန်းရှင်အမည်
  • (၇) လုပ်ငန်းရှင်၏ နေရပ်လိပ်စာ
  • (၈) လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ် (လက်ရှိကိုင်ဆောင်နေသည့် ဖုန်းနံပါတ်ဖြစ်ရပါမည်။)
  • (၉) လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမှတ် (သို့) Passport Number
  • (၁၀) လုပ်ငန်းရှင်၏ မှတ်ပုံတင်/Passport စကန်ဖတ်၍/ဓါတ်ပုံရိုက်၍
  • (၁၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင် စကန်ဖတ်၍/ဓါတ်ပုံရိုက်၍

(ဂ) လျှောက်လွှာပေးပို့ရာတွင် ဆောင်ရွက်ရန် အဆင့် (၄) ဆင့်ရှိပါသည်။ ၎င်းတို့မှာ

  • (၁) တည်းခိုခန်း စာရင်းသွင်းလျှောက်လွှာ ကို ဖြည့်စွက်ခြင်း။
  • (၂) ဖြည့်သွင်းထားသော လျှောက်လွှာကို စိစစ် အတည်ပြုခြင်း။
  • (၃) လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ်သို့ SMS ဖြင့် ပေးပို့လိုက်သော အတည်ပြု လျှို့ဝှက်နံပါတ် ကို ဖြည့်သွင်း အတည်ပြုခြင်း။
  • (၄) စာရင်းဝင်အမှတ် ရရှိခြင်း။

တို့ဖြစ်ပါသည်။

(ဃ) စာရင်းဝင်အမှတ် ရရှိပြီးနောက်

  • သက်ဆိုင်ရာက စာရင်းဝင်ပါ အချက်အလက်များကို စီစစ်ပါမည်။
  • အချက်အလက်များ ပြည့်စုံမှန်ကန်ပါ၊ စာရင်းဝင်ခြင်းကို လက်ခံပါမည်။
  • အချက်အလက်များ ကွဲလွဲခြင်း၊ မှားယွင်းခြင်းများရှိပါက၊​ စာရင်းဝင်ခြင်း ကိုငြင်းပယ်ပါမည်။ ငြင်းပယ်ခံရပါက၊ အမှားကို ပြင်၍ ထပ်မံ စာရင်းသွင်းနိုင်ပါသည်။
  • လက်ခံသည်ဖြစ်စေ၊ ငြင်ပယ်သည်ဖြစ်စေ၊ လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းသို့ SMS ရရှိမည်ဖြစ်ပါသည်။
  • အနာဂါတ် တည်းခိုခန်းကိစ္စရပ်ဆိုင်ရာ Online ဝန်ဆောင်မှုများအတွက် လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ်ဖြင့် ဝင်ရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(င) Online မှ စာရင်းပေးသွင်းလျှောက်လွှာကို ဖွင့်ရန် ဤနေရာကို နှိပ်ပါ။

(စ) Online မှ စာရင်းပေးသွင်းနည်း ဆောင်ရွက်ပုံ ဗွီဒီယိုကိုကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။

(ဆ) မေးမြန်းလိုပါက +959 443344 374 သို့ ရုံးချိန်အတွင်း ဖုန်းဆက်၍ မေးမြန်းနိုင်ပါသည်။


Online မှ စာရင်းပေးသွင်းရန်

ဆောင်ရွက်ပုံ ဗွီဒီယိုကိုကြည့်ရှုရန်

Websiteလိပ်စာ

https://yangon.gov.mm/

FAQs