နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊စားသောက်ဆိုင်လုပ်ငန်းများစစ်ဆေးခြင်း သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် Online Booking စနစ်

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊စားသောက်ဆိုင်လုပ်ငန်းများစစ်ဆေးခြင်း

Naypyitaw Development Committee / October 08, 2021

ဆောင်ရွက်မှုများ

၁။

ဘဏ္ဍာရေးနှစ်တစ်နှစ်တာကာလအတွင်း စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထား ရာတွင် ကျန်းမာရေးနှင့်သင့်လျော်၍ဘေးဥပါဒ် ကင်းရှင်းမှု ရှိ/မရှိစစ်ဆေးခြင်းတို့ ဆောင်ရွက်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆေးမည့်လုပ်ငန်းများကိုစိစစ်ပြီး စစ်ဆေးမှုခံယူရမည့်လုပ်ငန်း များသို့ အကြောင်းကြားစာ ပေးပို့ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ဝန်ဆောင်ခ ကောက်ခံခြင်း၊ ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းစသည် လုပ်ငန်း စဉ်များဖြင့် ဆောင်ရွက်ပါသည်။

၂။

ကျန်းမာရေးထောက်ခံချက်ထုတ်ပေးရာတွင် ဆိုင်ရှင်/တာဝန်ခံ၏ လိုင်စင်ဓာတ်ပုံ(၂)နှင့် စည်းကြပ်ခွန် ပေးဆောင်ထားမှသာ ယင်းထောက်ခံချက် ကဒ်အားစိစစ်ထုတ်ပေးမည်ဖြစ်ပါသည်။

၃။

တစ်နှစ်စာအတွက်စည်းကြပ်ခွန်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လုပ်ငန်းလိုင်စင်စည်းကြပ်ငွေ ကျန်းမာရေးဌာန၏စည်းကြပ်ငွေ မှတ်ချက်
၄၈ဝဝဝ နှင့် အထက် ၄ဝဝဝိ/- (က) ဆင့်
၃ဝဝဝဝိ/-နှင့် ၄၈ဝဝဝိ/- ကြား ၃ဝဝဝိ/- (ခ) ဆင့်
၃ဝဝဝဝိ/- အောက် ၂ဝဝဝိ/- (ဂ) ဆင့်
၄။

ကျန်းမာရေးဌာန၏ ငွေသွင်းချလံအမှတ်ပါငွေရပြေစာရှိမှသာ စည်းကြပ်ခွန်ပေးဆောင်ပြီးခြင်းကို အတည်ပြုနိုင်မည်ဖြစ်၍ ၎င်းအားသိမ်းဆည်းထားရန်နှင့် စစ်ဆေးပြီးကြောင်းထောက်ခံချက်ကဒ်များကိုလည်း အခွန်ငွေကောက်ခံသည့်လ၏ လကုန်ပြီးနောက်(၁ ပါတ်အတွင်း)သက်ဆိုင်ရာမြို့နယ် EO ရုံးများတွင် လက်မှတ်ထိုးထုတ်ယူနိုင်ပါသည်။

၅။

စီးပွားရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များအားစစ်ဆေးတွေ့ရှိပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီဥပဒေအရ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်-

(၁) ပေးဆောင်ရန်ပျက်ကွက်ခြင်း
(၂) ကျန်းမာရေးထောက်ခံချက်များအား ညွှန်ကြားချက်နှင့်အညီ စနစ်တကျထားရှိမှု မရှိခြင်း

Website လိပ်စာ

https://www.nptdc.gov.mm/

FAQs

သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် Online Booking စနစ်

Ministry of Health / April 08, 2018

သွေးလှူဒါန်းရန်အချိန်မိနစ်(၃၀) ခန့်သာကြာမြင့်ပါမည်။ ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် သင်၏အချိန်ကို သက်သာစေနိုင်ပါသည်။ ကြိုတင်စာရင်းပေးလှူဒါန်းခြင်းအားဖြင့် စောင့်ဆိုင်းရန်မလိုဘဲ လွယ်ကူအဆင်ပြေစေပါသည်။

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

  • သင်သည် အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။
  • အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရမည်။
  • အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင် (၁၀၀) အထက် ရှိရမည်။
  • အိပ်ရေးဝစွာ အိပ်စက်ထားသူ ဖြစ်ရပါမည်။
  • အရက်သေစာ သောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။
  • လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။
  • လွန်ခဲ့သော လအတွင်းက ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်း တို့ မရှိသူ ဖြစ်ရပါမည်။
  • ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်း တို့ မရှိသူဖြစ်ရပါမည်။
  • ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသော်လည်း သွေးလှူဒါန်းခြင်းအားဖြင့် သင်၏ကျန်းမာရေး မထိခိုက်စေရန် ဆရာဝန်များမှ တာဝန်ယူစောင့်ရှောက်ပေးပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ရုံးအမှတ်() နေပြည်တော် +၉၅ ၆၇၄၁၁၁၈၉

ရန်ကုန်

အမှတ် (၉၇) ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်

၀၁၃၇၂၇၅၃

အီးမေးလ်လိပ်စာ

info@mohs.government.mm

Website လိပ်စာ

www.mohs.gov.mm

www.donatebloodmyanmar.org

HOT NEWS
January 4,