အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် မေလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် မေလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


နေပြည်တော် ဇွန် ၃၀

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင် စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား ၂၁၄၄ ဦး၊ မ ၄၈၂၆ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၆၉၇၀ ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ မေလအတွင်း လက်ခံရရှိမှု ၂၀၀ တွင် အခြားဌာနသို့ လွှဲပြောင်းမှုလေးမှု၊ ကျေအေးမှု ၁၇ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၅၁ မှု၊ ပိတ်သိမ်းမှု ၁၈ မှု၊ ငွေကြေးအကျိုးခံစားခွင့် ၇၉ မှုနှင့် လက်ကျန်အမှု ၃၁ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၂၇၈ ဦးအား ငွေ ၁၀၁၆၇၀၃၂၄ ကျပ်ကို ခံစားခွင့်ရရှိစေခဲ့သည်။

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ် ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစား ခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၅၃၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့သည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် ၃၆ မှုနှင့် ခုံသမာဓိကောင်စီ တွင် ၁၃ မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်းများဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့် များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၁၃၉၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၉၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၂၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ မေလ အတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အလုပ်သမားဆေးရုံကြီး သုံးရုံ (ပြင်ပလူနာ ၃၆၁၃ ဦး ၊ အတွင်းလူနာ ၂၆၅ ဦး)စုစုပေါင်း ၃၈၇၈ ဦး၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေး ခန်း၊ ဌာနကြီးဆေးခန်း ၆၀ နှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်း ၁၂ ခန်းနှင့် PPS စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း ခုနစ်ခန်းတို့မှ ဆေးကုသပေးမှု စုစုပေါင်း ၅၉၈၇၄ ဦး၊ လူမှုဖူလုံရေး ဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု ခြောက်ကြိမ်မှ ၁၀၇ ဦးတို့ကို ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်



Photos & Videos