ကယားပြည်နယ်ဝန်ကြီးချုပ် ဘောလခဲမြို့နယ်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားကျောင်းများသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်း

ကယားပြည်နယ်ဝန်ကြီးချုပ် ဘောလခဲမြို့နယ်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားကျောင်းများသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်း

Ministry of Information/ ကယား / July 01, 2020
image_latest


ဘောလခဲ ဇွန် ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘာသာ၊ သာသနာ တော်များ ထွန်းကားပြန့်ပွားရေး အတွက် တတ်စွမ်းသမျှ အလေး ထား ပံ့ပိုး ဆောင်ရွက် လျက်ရှိရာ ဘောလခဲမြို့နယ် ဘာသာသာ သနာရေးဆိုင်ရာ သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရန်နှင့် ဘုရားရှိခိုးကျောင်းအတွက် လိုအပ်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် ယနေ့နံနက်(၈) နာရီက နန်းဖဲ ကျေးရွာသို့ ရန်ပုံငွေများနှင့် ရိက္ခာများ ပေးအပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘောလခဲ မြို့နယ်၊ နန်းဖဲကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး နန်းဖဲကျေးရွာ နေပြည်သူများ၏ တင်ပြချက် အရ ရွှေဘုံသာ စေတီတော် အတက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အတွက် ရန်ပုံငွေကျပ်(၉၉)သိန်းအား သက်ဆိုင်ရာ ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ဘုရားအတက်လမ်းအတွက် လိုအပ်သော Pipe Culvert ဆောင်ရွက်နိုင်ရေး၊ ဘုရား အတက် လမ်းဘေး ဝဲ/ယာ သစ်ပင် စိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက်သွားရန်နှင့် ဆရာတော်၏ ဩဝါဒ ခံယူ၍ ကော်မတီဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် ဘောလခဲမြို့နယ်၊ ယေဇူး သူငယ်တော် ဘုရားရှိခိုးကျောင်းသို့ သွားရောက်ပြီး ဘုန်းတော်ကြီးများနှင့် တွေ့ ဆုံ၍ ဘုန်းတော် ကြီးများ၏ တင်ပြမှုအရ ကျောင်းအတွက် လိုအပ်လျက်ရှိသည့် (၂)ခန်းတွဲအိမ်သာဆောက်လုပ်ရန် အတွက် ငွေကျပ်(၂၆)သိန်းနှင့် ကြက်ဥ(၃၀၀)လုံး၊ ဆန် (၅) အိတ်၊ ခေါက်ဆွဲခြောက်(၁)ဖာနှင့် ဆီ(၅)ပိဿာတို့အား ပေးအပ် လှူဒါန်းခဲ့ပြီး နန့်မန်းဘုရားကျောင်း အခွန်လွတ် သာသနာ့မြေ ရရရှိရေး ပေါင်းစပ် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့‌ သိရသည်။

လှရွှေ



Photos & Videos