ဟားခါး၌ မြို့တော်လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဟားခါး၌ မြို့တော်လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


ဟားခါး  ဇူလိုင်  ၁

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ခုစီ လိုဘိုပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင်စိုက်ထူရန်အတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်၉ နာရီ အချိန်တွင် အဆိုပါပန်းခြံ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိတ်ထန်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချအဖွင့်ဆုတောင်းကို သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းမှ ဆုတောင်းပေးပြီးနောက် အစီအစဉ်အရ ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိတ်ထန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် မြို့မိမြို့ဖ ဦးငွန်ဆန်းအောင်တို့က အုတ်မြတ်ချပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေး ခဲ့ကြသည်။

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(GRF)ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆သန်း စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် အမြင့် ၇၅ ပေ၊ အချင်း ၁၄ပေ ကို ချင်းကာလီလီကုမ္ဗဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

ဦးအောင်ခွီရှိန်း(ပြန်/ဆက်)

 



Photos & Videos