မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Ministry of Information/ ​နေပြည်တော် / August 02, 2020
image_latest


နေပြည်တော် ဩဂုတ် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် မွေးမြူရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးနှင့်အတူ မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့တွင် တည်ဆောက်နေသော မြို့သစ်မြို့ တစ်လုပ်ပင်ကျေးရွာအုပ်စု ကန်ကြီးကန်အတွင်း မြေဧရိယာ ၇ ဒသမ ၁၄ ဧကတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် ၆၈ ဒသမ ၉၀ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငါးသားဖောက်စခန်းသစ်သို့ ယနေ့နံနက်ပိုင်းက စခန်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ရွှေနှင့် တည်ဆောက်ရေး တာဝန်ခံတို့က လက်ရှိဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

 အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ အချိန်မီပြီး စီးရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။ ထို့နောက် တောင်တွင်းကြီး ငါးလုပ်ငန်းစခန်းသို့ သွားရောက်ပြီး ကိုဗစ်- ၁၉ စီးပွားရေး ကုစားမှုအစီ အစဉ်အရ နိုင်ငံတော်မှ ငါးမွေးတောင်သူများသို့ ထောက်ပံ့ပေးမည့် မျိုးငါးနှင့် ငါးသားပေါက် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



Photos & Videos