ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
Ministry of Hotels, Tourism and Culture / June 09, 2023
၁။ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် လျှောက်ထားသူသည်-
(က) အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
(ခ) အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ သို့မဟုတ် ယင်းအဆင့်နှင့် တူညီသော ပညာအရည်အချင်းရှိသူဖြစ်ရမည်။
(ဂ) နိုင်ငံခြားဘာသာစကားတစ်ခုခုကို ကောင်းစွာတတ်ကျွမ်းသူဖြစ်ရမည်။
(ဃ) သက်ဆိုင်ရာဒေသ၌ ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း အောင်မြင် ပြီးသူ ဖြစ်ရမည်။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(စ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
(ဆ) နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခု တွင် တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။
၂။ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် လျှောက်ထားသူသည် အောက်ပါအချက်အလက်၊ အထောက်အထားများဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်-
(က) လိုင်စင်လျှောက်လွှာ၊
(ခ) ပညာအရည်အချင်းအထောက်အထားမိတ္တူ၊
(ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊
(ဃ) သက်ဆိုင်ရာဒေသ၌ဖွင့်လှစ်ခဲ့သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းဆင်း အောင်လက်မှတ်မိတ္တူ၊
(င) လိုင်စင်လျှောက်ထားသူ၏(၆)လအတွင်းရိုက်ကူးထားသည့် ၁''x ၁''အရွယ်ရောင်စုံ ဓါတ်ပုံ(၂ )ပုံ၊
(စ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာန၏ ထောက်ခံချက်၊
(ဆ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး နှင့် ရဲစခန်းထောက်ခံချက်၊
FAQs
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ တစ်ဆင့် ငွေပေးချေမှုစနစ် (e-Payment System)
Ministry of Hotels, Tourism and Culture / April 20, 2023
Health and Safety Protocol Certification System
Ministry of Hotels, Tourism and Culture / April 20, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
Ministry of Hotels, Tourism and Culture / April 20, 2023
